ဗျာ​ဒိတ်​ကျမ်း 14:14-18 Myanmar Standard Bible (MSB)

14. တစ်​ဖန် ငါ​ကြည့်​လိုက်​ရာ ဖြူ​သော​မိုး​တိမ်​ရှိ​၍ ထို​မိုး​တိမ်​ပေါ်​တွင် ဦး​ခေါင်း​ပေါ်​၌ ရွှေ​သ​ရ​ဖူ​ကို​ဆောင်း​လျက် လက်​၌ ထက်​သော​တံ​စဉ်​ကို​ကိုင်​ထား​သည့် လူ့​သား​နှင့်​တူ​သော​သူ​တစ်​ဦး​ထိုင်​နေ​၏။

15. ထို့​နောက် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန်​တော်​ထဲ​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​နေ​သော​သူ​အား “မြေ​ကြီး​ပေါ်​မှ​ရိတ်​သိမ်း​စ​ရာ​သည် မှည့်​ပြီ​ဖြစ်​၍ ရိတ်​သိမ်း​ရန်​အ​ချိန်​ကျ​ရောက်​ပြီ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​၏​တံ​စဉ်​ကို​လွှတ်​၍ ရိတ်​သိမ်း​တော်​မူ​ပါ”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် ကြွေး​ကြော်​လေ​၏။

16. ထို​အ​ခါ မိုး​တိမ်​ပေါ်​တွင်​ထိုင်​နေ​သော​သူ​သည် မိ​မိ​၏​တံ​စဉ်​ကို မြေ​ကြီး​ပေါ်​သို့​ဝှေ့​ယမ်း​လိုက်​ရာ မြေ​ကြီး​သည် ရိတ်​သိမ်း​ခြင်း​ကို​ခံ​ရ​လေ​၏။

17. တစ်​ဖန် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ရှိ ဗိ​မာန်​တော်​ထဲ​မှ​ထွက်​လာ​၏။ သူ​၌​လည်း ထက်​သော​တံ​စဉ်​ပါ​၏။

18. ထို့​နောက် မီး​အ​ပေါ်​အ​ခွင့်​အာ​ဏာ​ရှိ​သည့် အ​ခြား​သော​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ယဇ်​ပလ္လင်​ထဲ​မှ​ထွက်​လာ​၍ ထက်​သော​တံ​စဉ်​ပါ​သော​သူ​အား “စ​ပျစ်​သီး​များ​မှည့်​ပြီ​ဖြစ်​သော​ကြောင့် သင်​၏​ထက်​သော​တံ​စဉ်​ကို​လွှတ်​၍ မြေ​ကြီး​ပေါ်​မှ​စ​ပျစ်​ခိုင်​များ​ကို ရိတ်​သိမ်း​လော့”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့် ဆို​လေ​၏။

ဗျာ​ဒိတ်​ကျမ်း 14