7. သူသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍ အောင်နိုင်သောအခွင့်ကိုရရှိပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှလူတိုအား အုပ်စိုးရသောအခွင့်ကိုလည်းရရှိ၏။
8. အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
9. နားရှိသောသူသည် ကြားပါစေ။
10. ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည့်သူသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည်ဖြစ်၏။ ဓားဖြင့်အသေသတ်ခြင်းခံရမည့်သူသည် ဓားဖြင့်အသေသတ်ခြင်းကိုခံရမည်ဖြစ်၏။ ဤနေရာတွင် သန့်ရှင်းသူတို့၏သည်းခံခြင်းနှင့်သစ္စာစောင့်ခြင်းတို့ရှိကြ၏။
11. ထို့နောက် မြေကြီးထဲမှထွက်လာသော အခြားသားရဲတစ်ကောင်ကို ငါမြင်ရ၏။ သူသည် သိုးသငယ်၏ဦးချိုနှင့်တူသော ဦးချိုနှစ်ချောင်းရှိ၍ နဂါးကဲ့သို့စကားပြော၏။
12. ထိုသားရဲသည် ပထမသားရဲ၏အာဏာရှိသမျှကို သူ၏ရှေ့မှောက်၌သုံးစွဲပြီး ကမ္ဘာမြေကြီးမှစ၍ ၎င်းပေါ်တွင်နေထိုင်သောသူတို့အား သေစေသောဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။
13. ထိုမှတစ်ပါး ကြီးမားသောနိမိတ်လက္ခဏာများကိုပြုလျက် လူတို့ရှေ့တွင် ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကိုပင် ကျလာစေ၏။
14. သူသည် ပထမသားရဲရှေ့၌ ပြုခွင့်ရရှိထားသောနိမိတ်လက္ခဏာများအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူအားလုံးတို့ကိုလှည့်ဖြား၍ ဓားဒဏ်ရာရှိသော်လည်း အသက်ရှင်ခဲ့သောသားရဲ၏ရုပ်တုကိုပြုလုပ်ရန် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့အားစေခိုင်း၏။
15. တစ်ဖန် သားရဲ၏ရုပ်တုသည် စကားပြောနိုင်ရန်နှင့် သားရဲ၏ရုပ်တုကိုမကိုးကွယ်သောသူရှိသမျှတို့ကို သတ်ဖြတ်စေရန် ထိုသားရဲ၏ရုပ်တုအား အသက်သွင်းပေးနိုင်သောအခွင့်ကို ရရှိလေ၏။