ဗျာ​ဒိတ်​ကျမ်း 13:4-16 Myanmar Standard Bible (MSB)

4. ထို့​ပြင် န​ဂါး​သည် သား​ရဲ​အား အ​ခွင့်​အာ​ဏာ​ကို​ပေး​အပ်​သ​ဖြင့် သူ​တို့​သည် န​ဂါး​ကို​ကိုး​ကွယ်​ကြ​၏။ သူ​တို့​က “မည်​သူ​သည် သား​ရဲ​နှင့်​တူ​သ​နည်း။ မည်​သူ​သည် သူ့​ကို တိုက်​ခိုက်​နိုင်​သ​နည်း”​ဟု ဆို​လျက် သား​ရဲ​ကို​လည်း​ကိုး​ကွယ်​ကြ​၏။

5. ထို​သား​ရဲ​သည် လေ​လုံး​ထွား​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​တတ်​သော​နှုတ်​ကို​ရ​ရှိ​လျက် လေး​ဆယ့်​နှစ်​လ​တိုင်​တိုင် အာ​ဏာ​လွှမ်း​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​၏။

6. ထို​အ​ခါ သူ​သည် မိ​မိ​နှုတ်​ကို​ဖွင့်​၍ ဘု​ရား​သ​ခင်​ကို​စော်​ကား​ပြော​ဆို​သော​စ​ကား​များ​ကို​ပြော​ဆို​လျက် ကိုယ်​တော်​၏​နာ​မ​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏​တဲ​တော်​ကို​လည်း​ကောင်း၊ ကောင်း​ကင်​၌​စံ​မြန်း​သော​သူ​တို့​ကို​လည်း​ကောင်း စော်​ကား​ပြော​ဆို​လေ​၏။

7. သူ​သည် သန့်​ရှင်း​သူ​တို့​ကို​စစ်​တိုက်​၍ အောင်​နိုင်​သော​အ​ခွင့်​ကို​ရ​ရှိ​ပြီး မျိုး​နွယ်​စု၊ လူ​မျိုး၊ ဘာ​သာ​စ​ကား​နှင့် တိုင်း​နိုင်​ငံ​အ​သီး​သီး​တို့​မှ​လူ​တို​အား အုပ်​စိုး​ရ​သော​အ​ခွင့်​ကို​လည်း​ရ​ရှိ​၏။

8. အ​သေ​သတ်​ခြင်း​ခံ​ရ​သည့် သိုး​သ​ငယ်​တော်​၏​အ​သက်​စာ​စောင်​၌ ကမ္ဘာ​ဦး​မှ​စ​၍ အ​မည်​မ​ရေး​ထား​သော ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင်​သူ​အား​လုံး​တို့​သည် ထို​သား​ရဲ​ကို ကိုး​ကွယ်​ကြ​လိမ့်​မည်။

9. နား​ရှိ​သော​သူ​သည် ကြား​ပါ​စေ။

10. ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​မည့်​သူ​သည် ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ခြင်း​ခံ​ရ​မည်​ဖြစ်​၏။ ဓား​ဖြင့်​အ​သေ​သတ်​ခြင်း​ခံ​ရ​မည့်​သူ​သည် ဓား​ဖြင့်​အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဖြစ်​၏။ ဤ​နေ​ရာ​တွင် သန့်​ရှင်း​သူ​တို့​၏​သည်း​ခံ​ခြင်း​နှင့်​သစ္စာ​စောင့်​ခြင်း​တို့​ရှိ​ကြ​၏။

11. ထို့​နောက် မြေ​ကြီး​ထဲ​မှ​ထွက်​လာ​သော အ​ခြား​သား​ရဲ​တစ်​ကောင်​ကို ငါ​မြင်​ရ​၏။ သူ​သည် သိုး​သ​ငယ်​၏​ဦး​ချို​နှင့်​တူ​သော ဦး​ချို​နှစ်​ချောင်း​ရှိ​၍ န​ဂါး​ကဲ့​သို့​စ​ကား​ပြော​၏။

12. ထို​သား​ရဲ​သည် ပ​ထ​မ​သား​ရဲ​၏​အာ​ဏာ​ရှိ​သ​မျှ​ကို သူ​၏​ရှေ့​မှောက်​၌​သုံး​စွဲ​ပြီး ကမ္ဘာ​မြေ​ကြီး​မှ​စ​၍ ၎င်း​ပေါ်​တွင်​နေ​ထိုင်​သော​သူ​တို့​အား သေ​စေ​သော​ဒဏ်​ရာ​ပျောက်​ကင်း​သွား​သည့် ပ​ထ​မ​သား​ရဲ​ကို ကိုး​ကွယ်​စေ​၏။

13. ထို​မှ​တစ်​ပါး ကြီး​မား​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​လျက် လူ​တို့​ရှေ့​တွင် ကောင်း​ကင်​မှ မြေ​ကြီး​ပေါ်​သို့ မီး​ကို​ပင် ကျ​လာ​စေ​၏။

14. သူ​သည် ပ​ထ​မ​သား​ရဲ​ရှေ့​၌ ပြု​ခွင့်​ရ​ရှိ​ထား​သော​နိ​မိတ်​လက္ခ​ဏာ​များ​အား​ဖြင့် ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင်​သော​သူ​အား​လုံး​တို့​ကို​လှည့်​ဖြား​၍ ဓား​ဒဏ်​ရာ​ရှိ​သော်​လည်း အ​သက်​ရှင်​ခဲ့​သော​သား​ရဲ​၏​ရုပ်​တု​ကို​ပြု​လုပ်​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​နေ​ထိုင်​သော​သူ​တို့​အား​စေ​ခိုင်း​၏။

15. တစ်​ဖန် သား​ရဲ​၏​ရုပ်​တု​သည် စ​ကား​ပြော​နိုင်​ရန်​နှင့် သား​ရဲ​၏​ရုပ်​တု​ကို​မ​ကိုး​ကွယ်​သော​သူ​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​စေ​ရန် ထို​သား​ရဲ​၏​ရုပ်​တု​အား အ​သက်​သွင်း​ပေး​နိုင်​သော​အ​ခွင့်​ကို ရ​ရှိ​လေ​၏။

16. ထို့​ပြင် လူ​ကြီး​ဖြစ်​စေ၊ လူ​ငယ်​ဖြစ်​စေ၊ ချမ်း​သာ​သော​သူ​ဖြစ်​စေ၊ ဆင်း​ရဲ​သော​သူ​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​အ​ပေါင်း​တို့​အား သူ​တို့​၏​လက်​ယာ​လက်​ပေါ်​၌ သို့​မ​ဟုတ် န​ဖူး​ပေါ်​၌ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​စေ​၍

ဗျာ​ဒိတ်​ကျမ်း 13