ဗျာ​ဒိတ်​ကျမ်း 13:16-18 Myanmar Standard Bible (MSB)

16. ထို့​ပြင် လူ​ကြီး​ဖြစ်​စေ၊ လူ​ငယ်​ဖြစ်​စေ၊ ချမ်း​သာ​သော​သူ​ဖြစ်​စေ၊ ဆင်း​ရဲ​သော​သူ​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​အ​ပေါင်း​တို့​အား သူ​တို့​၏​လက်​ယာ​လက်​ပေါ်​၌ သို့​မ​ဟုတ် န​ဖူး​ပေါ်​၌ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​စေ​၍

17. သား​ရဲ​၏​အ​မည် သို့​မ​ဟုတ် သူ့​အ​မည်​၏​ကိန်း​ဂ​ဏန်း​ဖြစ်​သည့် ထို​အ​မှတ်​တံ​ဆိပ်​မ​ရှိ​လျှင် မည်​သူ​မျှ အ​ရောင်း​အ​ဝယ်​မ​ပြု​နိုင်​ရန်​စီ​ရင်​လေ​၏။

18. ဤ​နေ​ရာ​တွင် ဉာဏ်​ပ​ညာ​ရှိ​ရန်​လို​အပ်​၏။ ထိုး​ထွင်း​ဉာဏ်​ရှိ​သော​သူ​သည် သား​ရဲ​၏​ကိန်း​ဂ​ဏန်း​ကို​တွက်​ချက်​ပါ​စေ။ အ​ကြောင်း​မူ​ကား ၎င်း​သည် လူ​တစ်​ဦး​၏​ကိန်း​ဂ​ဏန်း​ဖြစ်​ပြီး ထို​ကိန်း​ဂ​ဏန်း​မှာ ခြောက်​ရာ​ခြောက်​ဆယ့်​ခြောက်​ဖြစ်​၏။

ဗျာ​ဒိတ်​ကျမ်း 13