1. ထို့နောက် ဦးချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသောသားရဲတစ်ကောင်သည် ပင်လယ်ထဲမှတက်လာသည်ကို ငါမြင်ရ၏။ ထိုဦးချိုများပေါ်တွင် သရဖူဆယ်ခုရှိ၍ ၎င်း၏ခေါင်းများပေါ်တွင် ဘုရားသခင်ကိုစော်ကားသောအမည်နာမများရှိ၏။
2. ငါမြင်ရသောထိုသားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝက်ဝံခြေကဲ့သို့ဖြစ်ပြီး သူ၏ပါးစပ်သည် ခြင်္သေ့ပါးစပ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိ၏တန်ခိုး၊ မိမိ၏ပလ္လင်နှင့် ကြီးမားသောအခွင့်အာဏာကို သူ့အားပေးအပ်လေ၏။
3. ထိုသားရဲ၏ခေါင်းတစ်လုံးသည် သေအောင်သတ်ဖြတ်ခြင်းခံရပြီးသကဲ့သို့ဖြစ်သော်လည်း ထိုသေစေသောဒဏ်ရာသည် ပျောက်ကင်းသွားလေ၏။ ထိုအခါ တစ်ကမ္ဘာလုံးသည်အံ့ဩလျက် ထိုသားရဲနောက်သို့လိုက်ကြ၏။