ဗျာ​ဒိတ်​ကျမ်း 11:11-19 Myanmar Standard Bible (MSB)

11. သို့​သော် သုံး​ရက်​ခွဲ​လွန်​ပြီး​သော​အ​ခါ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဇီ​ဝ​အ​သက်​သည် ထို​သူ​တို့​အ​ထဲ​သို့​ဝင်​၍ သူ​တို့​သည် မိ​မိ​တို့​ခြေ​ဖြင့်​မတ်​တပ်​ရပ်​ကြ​၏။ ထို​သူ​တို့​ကို​မြင်​သော​သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​ကြ​၏။

12. ထို​အ​ခါ ကောင်း​ကင်​မှ​ကြီး​သော​အ​သံ​က “ဤ​အ​ရပ်​သို့​တက်​လာ​ခဲ့​ကြ​လော့”​ဟု ထို​သူ​နှစ်​ဦး​တို့​အား​ဆို​သည်​ကို ကြား​လျှင် သူ​တို့​သည် မိုး​တိမ်​ဖြင့် ကောင်း​ကင်​သို့​တက်​သွား​ကြ​၏။ သူ​တို့​၏​ရန်​သူ​များ​သည်​လည်း သူ​တို့​ကို​ကြည့်​နေ​ကြ​၏။

13. ထို​အ​ချိန်​နာ​ရီ​၌​ပင် ပြင်း​ထန်​သော​င​လျင်​လှုပ်​၍ မြို့​၏​ဆယ်​ပုံ​တစ်​ပုံ​သည် ပြို​လဲ​သွား​၏။ ထို​င​လျင်​ကြောင့် လူ​ပေါင်း​ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ​တို့​သည် ကြောက်​လန့်​ကြ​လျက် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ချီး​မွမ်း​ကြ​၏။

14. ဒု​တိ​ယ​အမင်္ဂ​လာ​သည် လွန်​သွား​လေ​ပြီ။ တ​တိ​ယ​အမင်္ဂ​လာ​သည် အ​လျင်​အ​မြန်​ရောက်​လာ​လိမ့်​မည်။

15. သတ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​ခ​ရာ​ကို​မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​၌ ကျယ်​လောင်​သော​အ​သံ​ဖြစ်​ပေါ်​လျက် “ကမ္ဘာ့​နိုင်​ငံ​သည် ငါ​တို့​၏​ထာ​ဝ​ရ​အ​ရှင်​နှင့် ကိုယ်​တော်​၏​ခ​ရစ်​တော်​ပိုင်​ဆိုင်​တော်​မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်​တော်​သည်​လည်း ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော်​မူ​လိမ့်​မည်”​ဟု ဆို​၏။

16. ထို​အ​ခါ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ မိ​မိ​တို့​ပလ္လင်​ပေါ်​တွင် ထိုင်​နေ​ကြ​သော​သက်​ကြီး​ဝါ​ကြီး​နှစ်​ဆယ်​လေး​ပါး​တို့​သည် ဘု​ရား​သ​ခင်​ကို​ပျပ်​ဝပ်​ရှိ​ခိုး​လျက်

17. “အ​နန္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​၍ ယ​ခု​ရှိ​လျက် ယ​ခင်​က​လည်း​ရှိ​သည့် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​တော်​ကို​ယူ​ဆောင်​လျက် စိုး​စံ​တော်​မူ​သော​ကြောင့် ကိုယ်​တော်​ကို​ကျေး​ဇူး​တင်​ပါ​၏။

18. လူ​မျိုး​တို့​သည် အ​မျက်​ထွက်​ကြ​ပါ​၏။ သို့​သော် ကိုယ်​တော်​၏​အ​မျက်​တော်​သည် သက်​ရောက်​လာ​ပါ​၏။ သေ​လွန်​သော​သူ​တို့​ကို တ​ရား​စီ​ရင်​ရန်​လည်း​ကောင်း၊ ကိုယ်​တော်​၏​အ​စေ​အ​ပါး​များ၊ ပ​ရော​ဖက်​များ၊ သန့်​ရှင်း​သူ​များ​နှင့် ကိုယ်​တော်​၏​နာ​မ​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ​အ​ကြီး​အ​ငယ်​တို့​အား ဆု​လာဘ်​ပေး​တော်​မူ​ရန်​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ကို​ဖျက်​ဆီး​သော​သူ​တို့​ကို ဖျက်​ဆီး​ရန်​လည်း​ကောင်း အ​ချိန်​ရောက်​လာ​ပါ​၏”​ဟု လျှောက်​ကြ​၏။

19. ထို့​နောက် ကောင်း​ကင်​၌​ရှိ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ပွင့်​၍ ထို​ဗိ​မာန်​တော်​ထဲ​တွင် ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို တွေ့​မြင်​ရ​၏။ လျှပ်​စီး​လက်​ခြင်း၊ အ​သံ​မြည်​ဟည်း​ခြင်း၊ မိုး​ချုန်း​ခြင်း၊ င​လျင်​လှုပ်​ခြင်း​နှင့် ကြီး​မား​သော​မိုး​သီး​ကျ​ခြင်း​တို့​လည်း ဖြစ်​ပေါ်​လေ​၏။

ဗျာ​ဒိတ်​ကျမ်း 11