ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 3:1-7 Myanmar Standard Bible (MSB)

1. နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် ငါ့​ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​၌​ဝမ်း​မြောက်​ကြ​လော့။ သင်​တို့​ထံ​သို့ တူ​ညီ​သော​အ​ကြောင်း​များ​ကို ထပ်​၍​ရေး​သား​ခြင်း​သည် ငါ့​အ​တွက် ပင်​ပန်း​စ​ရာ​မ​ဟုတ်​ဘဲ သင်​တို့​အ​တွက် ဘေး​ဆီး​ရန်​ကာ​ဖြစ်​၏။

2. ခွေး​များ​ကို သ​တိ​ပြု​ကြ​လော့။ မ​ကောင်း​သော​လုပ်​သား​များ​ကို သ​တိ​ပြု​ကြ​လော့။ ကိုယ်အင်္ဂါ​လှီး​ဖြတ်​သော​သူ​တို့​ကို သ​တိ​ပြု​ကြ​လော့။

3. အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဝတ်​ပြု​၍ ခ​ရစ်​တော်​ယေ​ရှု​၌​ဝါ​ကြွား​လျက် အ​သွေး​အ​သား​၌​ကိုး​စား​ခြင်း​မ​ရှိ​သော​ငါ​တို့​သည် အ​ရေ​ဖျား​လှီး​ထား​သော​သူ​အ​စစ်​အ​မှန်​ဖြစ်​ကြ​၏။

4. သို့​သော် အ​သွေး​အ​သား​၌​ကိုး​စား​စ​ရာ​လည်း ငါ​၌​ရှိ​ပါ​၏။ အ​ခြား​သူ​တစ်​စုံ​တစ်​ဦး​သည် အ​သွေး​အ​သား​၌​ကိုး​စား​စ​ရာ​ရှိ​သည်​ဟု ထင်​မှတ်​လျှင် ငါ​၌ ပို​၍​ပင်​ရှိ​၏။

5. ငါ​သည် ရှစ်​ရက်​မြောက်​သော​နေ့​၌ အ​ရေ​ဖျား​လှီး​ထား​သော​သူ၊ အစ္စ​ရေး​လူ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်၊ ဟေ​ဗြဲ​လူ​မျိုး​မှ​ဟေ​ဗြဲ​လူ​မျိုး​အ​စစ်၊ ပ​ညတ်​တ​ရား​အ​ရ​ဆို​လျှင် ဖာ​ရိ​ရှဲ​တစ်​ဦး၊

6. စိတ်​အား​ထက်​သန်​မှု​အ​ရ​ဆို​လျှင် အ​သင်း​တော်​ကို​ညှဉ်း​ဆဲ​သော​သူ၊ ပ​ညတ်​တ​ရား​အား​ဖြင့်​ရ​ရှိ​သော​ဖြောင့်​မတ်​ခြင်း​အ​ရ​ဆို​လျှင် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ​ဖြစ်​၏။

7. သို့​သော် ငါ့​အ​တွက် အ​ကျိုး​ကျေး​ဇူး​ဖြစ်​ခဲ့​သော ဤ​အ​ရာ​တို့​ကို ခ​ရစ်​တော်​ကို​ထောက်​လျက် အ​ရှုံး​ဟူ​၍ ငါ​မှတ်​ယူ​၏။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 3