ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2:4-12 Myanmar Standard Bible (MSB)

4. သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​အ​ကျိုး​ကို​သာ​မ​ကြည့်​ရှု​ဘဲ သူ​တစ်​ပါး​၏​အ​ကျိုး​ကို​လည်း ကြည့်​ရှု​ကြ​လော့။

5. ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော ထို​စိတ်​သ​ဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။

6. ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​အ​သွင်​သဏ္ဌာန်​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​နှင့်​တန်း​တူ​ဖြစ်​ခြင်း​ကို ဆုပ်​ကိုင်​ထား​ရ​မည့်​အ​ရာ​ဟု မ​မှတ်​ယူ​ဘဲ

7. မိ​မိ​အ​သ​ရေ​ကို​စွန့်​၍ အ​စေ​အ​ပါး​၏​အ​သွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူ​ညီ​သော​သဏ္ဌာန်​၌ ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။ ကိုယ်​တော်​သည် လူ​ကဲ့​သို့​သော​ပုံ​ပန်း​သဏ္ဌာန်​၌ ပေါ်​ထွန်း​တော်​မူ​၍

8. မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ကာ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​အ​သေ​ခံ​ခြင်း​ဟူ​သည့် အ​သေ​ခံ​ခြင်း​တိုင်​အောင် နာ​ခံ​တော်​မူ​၏။

9. ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်​တော်​မူ​၍ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘွဲ့​နာ​မ​ကို ပေး​အပ်​တော်​မူ​၏။

10. ဤ​သည်​ကား အ​ထက်​ကောင်း​ကင်​အ​ရပ်​၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​၌​လည်း​ကောင်း၊ မြေ​ကြီး​အောက်​၌​လည်း​ကောင်း ရှိ​ရှိ​သ​မျှ​တို့​သည် ယေ​ရှု​၏​နာ​မ​တော်​၌ ဒူး​ထောက်​၍

11. နှုတ်​ရှိ​သ​မျှ​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​တော်​သည်​အ​ရှင်​သ​ခင်​ဖြစ်​ကြောင်း​ဝန်​ခံ​သ​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည့်​အ​ကြောင်း​တည်း။

12. သို့​ဖြစ်​၍ ငါ​ချစ်​သော​သူ​တို့၊ သင်​တို့​သည် အ​စဉ်​နာ​ခံ​ခဲ့​ကြ​သည့်​အ​တိုင်း ငါ​၏​မျက်​မှောက်​၌​သာ​မ​ဟုတ်​ဘဲ ယ​ခု ငါ​နှင့်​ဝေး​ကွာ​သည့်​အ​ခါ​၌​လည်း ပို​၍​နာ​ခံ​လျက် ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​ဖြင့် မိ​မိ​တို့​၏​ကယ်​တင်​ခြင်း​ကို အ​ကောင်​အ​ထည်​ဖော်​ကြ​လော့။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2