25. သို့သော် ငါ၏ညီ၊ ငါ၏လုပ်ဖော်ဆောင်ဖက်နှင့် ရဲဘော်ရဲဘက်ဖြစ်သည့်အပြင် ငါ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသော သင်တို့၏စေတမန် ဧပဖြောဒိတ်ကို သင်တို့ထံသို့စေလွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။
26. အဘယ်ကြောင့်ဆိုသော် သူသည် သင်တို့အားလုံးကိုလွမ်းဆွတ်နေပြီး သူနာမကျန်းဖြစ်ကြောင်း သင်တို့ကြားသိကြသည့်အတွက် စိတ်ပူပန်နေ၏။
27. သူသည် အမှန်ပင် သေလုနီးပါးနာမကျန်းဖြစ်ခဲ့၏။ သို့သော် ဘုရားသခင်သည် သူ့ကိုသနားတော်မူလေပြီ။ သူ့ကိုသာမဟုတ်ဘဲ ငါ၌ တစ်ပူပေါ်တစ်ပူဆင့်မဖြစ်ရလေအောင် ငါ့ကိုလည်း သနားတော်မူ၏။
28. ထို့ကြောင့် သင်တို့သည် သူ့ကို တစ်ဖန်တွေ့မြင်၍ ဝမ်းမြောက်ကြစေရန်နှင့် ငါသည်လည်း စိတ်သက်သာရာရစေရန် သူ့ကို မဆိုင်းမတွငါစေလွှတ်၏။
29. သို့ဖြစ်၍ ဝမ်းမြောက်ခြင်းအပြည့်အဝဖြင့် သခင်ဘုရား၌ သူ့ကိုလက်ခံကြလော့။ ဤသို့သောသူတို့ကို ရိုသေလေးစားကြလော့။
30. အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ့ကိုကူညီထောက်မရာ၌ လိုအပ်သည့်အပိုင်းကိုဖြည့်ဆည်းပေးရန် သူသည် မိမိအသက်ကိုပဓာနမထားဘဲ ခရစ်တော်၏အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့၏။