ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2:2-9 Myanmar Standard Bible (MSB)

2. တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​၍ စိတ်​ဝမ်း​မ​ကွဲ​ဘဲ တူ​ညီ​သော​မေတ္တာ​ရှိ​လျက် စိတ်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ခြင်း​အား​ဖြင့် ငါ​၏​ဝမ်း​မြောက်​ခြင်း​ကို ပြည့်​စုံ​စေ​ကြ​လော့။

3. မည်​သည့်​အ​မှု​ကို​မျှ တု​ပြိုင်​လို​သော​စိတ်​နှင့်​လည်း​ကောင်း၊ အ​ချည်း​နှီး​ကျော်​စော​လို​သော​စိတ်​နှင့်​လည်း​ကောင်း မ​ပြု​ဘဲ နှိမ့်​ချ​သော​စိတ်​ရှိ​လျက် သူ​တစ်​ပါး​တို့​သည် မိ​မိ​တို့​ထက် ထူး​မြတ်​သည်​ဟု မှတ်​ယူ​ကြ​လော့။

4. သင်​တို့​တစ်​ဦး​စီ​သည် မိ​မိ​အ​ကျိုး​ကို​သာ​မ​ကြည့်​ရှု​ဘဲ သူ​တစ်​ပါး​၏​အ​ကျိုး​ကို​လည်း ကြည့်​ရှု​ကြ​လော့။

5. ခ​ရစ်​တော်​ယေ​ရှု​၌​ရှိ​သော ထို​စိတ်​သ​ဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။

6. ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​အ​သွင်​သဏ္ဌာန်​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​နှင့်​တန်း​တူ​ဖြစ်​ခြင်း​ကို ဆုပ်​ကိုင်​ထား​ရ​မည့်​အ​ရာ​ဟု မ​မှတ်​ယူ​ဘဲ

7. မိ​မိ​အ​သ​ရေ​ကို​စွန့်​၍ အ​စေ​အ​ပါး​၏​အ​သွင်​သဏ္ဌာန်​ကို​ဆောင်​ကာ လူ​တို့​နှင့်​တူ​ညီ​သော​သဏ္ဌာန်​၌ ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​၏။ ကိုယ်​တော်​သည် လူ​ကဲ့​သို့​သော​ပုံ​ပန်း​သဏ္ဌာန်​၌ ပေါ်​ထွန်း​တော်​မူ​၍

8. မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ကာ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​အ​သေ​ခံ​ခြင်း​ဟူ​သည့် အ​သေ​ခံ​ခြင်း​တိုင်​အောင် နာ​ခံ​တော်​မူ​၏။

9. ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်​တော်​မူ​၍ ဘွဲ့​နာ​မ​တ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘွဲ့​နာ​မ​ကို ပေး​အပ်​တော်​မူ​၏။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2