ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2:11-21 Myanmar Standard Bible (MSB)

11. နှုတ်​ရှိ​သ​မျှ​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​တော်​သည်​အ​ရှင်​သ​ခင်​ဖြစ်​ကြောင်း​ဝန်​ခံ​သ​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည့်​အ​ကြောင်း​တည်း။

12. သို့​ဖြစ်​၍ ငါ​ချစ်​သော​သူ​တို့၊ သင်​တို့​သည် အ​စဉ်​နာ​ခံ​ခဲ့​ကြ​သည့်​အ​တိုင်း ငါ​၏​မျက်​မှောက်​၌​သာ​မ​ဟုတ်​ဘဲ ယ​ခု ငါ​နှင့်​ဝေး​ကွာ​သည့်​အ​ခါ​၌​လည်း ပို​၍​နာ​ခံ​လျက် ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​ဖြင့် မိ​မိ​တို့​၏​ကယ်​တင်​ခြင်း​ကို အ​ကောင်​အ​ထည်​ဖော်​ကြ​လော့။

13. အ​ကြောင်း​မူ​ကား စေ​တ​နာ​တော်​အ​တိုင်း ဆန္ဒ​ရှိ​ကြ​စေ​ရန်​နှင့် လုပ်​ဆောင်​ကြ​စေ​ရန် သင်​တို့​အ​ထဲ​၌​လုပ်​ဆောင်​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

14. အ​ရာ​ခပ်​သိမ်း​ကို ညည်း​ညူ​ခြင်း​နှင့်​ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ လုပ်​ဆောင်​ကြ​လော့။

15. ဤ​သည်​ကား ကောက်​ကျစ်​၍​ဖောက်​ပြန်​လမ်း​လွဲ​သော​မျိုး​ဆက်​၏​အ​လယ်​တွင် သင်​တို့​သည် ရိုး​သား​ဖြူ​စင်​လျက် အ​ပြစ်​တင်​စ​ရာ​မ​ရှိ​သော​သူ​များ၊ အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​ပြီး အ​သက်​နှင့်​ဆိုင်​သော​နှုတ်​က​ပတ်​တော်​ကို​စွဲ​ကိုင်​ထား​လျက် ဤ​လော​က​၌​ရှိ​သော​အ​လင်း​ရောင်​များ​ကဲ့​သို့ သူ​တို့​အ​ထဲ​တွင် ထွန်း​လင်း​ကြ​မည့်​အ​ကြောင်း​တည်း။

16. ထို​သို့​အား​ဖြင့် ငါ​သည် အ​ချည်း​နှီး​ပြေး​ခဲ့​သည်​မ​ဟုတ်​ကြောင်း​နှင့် အ​ချည်း​နှီး​အား​ထုတ်​လုပ်​ဆောင်​ခဲ့​သည်​မ​ဟုတ်​ကြောင်း ခ​ရစ်​တော်​၏​နေ့​ရက်​၌ ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​လိမ့်​မည်။

17. ထို​မျှ​မ​က သင်​တို့​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော ဝတ်​ပြု​ခြင်း​နှင့်​ယဇ်​ပူ​ဇော်​ခြင်း​တို့​အ​ပေါ်​၌ ငါ​သွန်း​လောင်း​ပူ​ဇော်​ခြင်း​ခံ​ရ​မည်​ဆို​လျှင်​လည်း ငါ​ဝမ်း​မြောက်​၏။ သင်​တို့​အား​လုံး​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​၏။

18. ထို​နည်း​တူ သင်​တို့​သည်​လည်း ဝမ်း​မြောက်​ကြ​လော့။ ငါ​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ​လော့။

19. ငါ​သည် သင်​တို့​အ​ကြောင်း​ကို​ကြား​သိ​၍ အား​တက်​လာ​စေ​ရန် တိ​မော​သေ​ကို သင်​တို့​ထံ​သို့ မ​ကြာ​မီ​စေ​လွှတ်​နိုင်​မည်​ဟု သ​ခင်​ယေ​ရှု​၌ ငါ​မျှော်​လင့်​ထား​၏။

20. အ​ကြောင်း​မူ​ကား တိ​မော​သေ​ကဲ့​သို့ ငါ​နှင့်​စိတ်​သ​ဘော​ချင်း​တူ​၍ သင်​တို့​အ​ကျိုး​ကို အ​မှန်​တ​ကယ်​အ​လေး​ထား​ဂ​ရု​စိုက်​မည့်​သူ တစ်​စုံ​တစ်​ဦး​မျှ ငါ​၌​မ​ရှိ။

21. လူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ခ​ရစ်​တော်​၏​အ​ကျိုး​ကို​မ​ရှာ ကိုယ်​ကျိုး​ကို​သာ​ရှာ​ကြ​၏။

ဖိ​လိပ္ပိ​ဩ​ဝါ​ဒ​စာ 2