တ​မန်​တော်​ဝတ္ထု 9:38-42 Myanmar Standard Bible (MSB)

38. ယုပ္ပေ​မြို့​သည် လုဒ္ဒ​မြို့​နှင့် နီး​သည်​ဖြစ်​၍ လုဒ္ဒ​မြို့​တွင် ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား​လျှင် လူ​နှစ်​ဦး​ကို သူ့​ထံ​သို့​စေ​လွှတ်​ကာ “အ​ကျွန်ုပ်​တို့​ထံ​သို့ အ​လျင်​အ​မြန်​ကြွ​လာ​ခဲ့​ပါ”​ဟု တောင်း​ပန်​ကြ​၏။

39. ထို့​ကြောင့် ပေ​တ​ရု​သည် ထ​၍ သူ​တို့​နှင့်​အ​တူ​လိုက်​သွား​လေ​၏။ ပေ​တ​ရု​ရောက်​လာ​သော​အ​ခါ လူ​တို့​သည် သူ့​ကို အ​ထက်​ခန်း​သို့ ခေါ်​ဆောင်​သွား​ကြ​၏။ မု​ဆိုး​မ​အား​လုံး​တို့​သည် ပေ​တ​ရု​အ​နီး​၌​ရပ်​လျက် ငို​ကြွေး​ကာ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​က ချုပ်​လုပ်​ခဲ့​သော​အင်္ကျီ​နှင့်​ဝတ်​ရုံ​များ​ကို ပြ​ကြ​၏။

40. ပေ​တ​ရု​သည် အား​လုံး​ကို အ​ခန်း​အ​ပြင်​သို့​ထွက်​စေ​ပြီး​လျှင် ဒူး​ထောက်​လျက် ဆု​တောင်း​လေ​၏။ ထို့​နောက် အ​လောင်း​ဘက်​သို့​လှည့်​၍ “တ​ဗိ​သ၊ ထ​လော့”​ဟု ဆို​လေ​ရာ တ​ဗိ​သ​သည် မိ​မိ​မျက်​စိ​ကို​ဖွင့်​ပြီး ပေ​တ​ရု​ကို​မြင်​သော​အ​ခါ ထ​၍​ထိုင်​လေ​၏။

41. ပေ​တ​ရု​သည် လက်​ကမ်း​ပေး​၍​သူ့​ကို ဆွဲ​ထူ​ပြီး​လျှင် သန့်​ရှင်း​သူ​များ​နှင့်​မု​ဆိုး​မ​တို့​ကို​ခေါ်​၍ အ​သက်​ရှင်​လျက်​ရှိ​သော​တ​ဗိ​သ​ကို ပြ​လေ​၏။

42. ဤ​သ​တင်း​သည် ယုပ္ပေ​တစ်​မြို့​လုံး​အ​နှံ့​ကျော်​ကြား​သွား​၍ လူ​များ​စွာ​တို့​သည် သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 9