တ​မန်​တော်​ဝတ္ထု 9:35-38 Myanmar Standard Bible (MSB)

35. လုဒ္ဒ​မြို့​နှင့်​ရှာ​ရုန်​ဒေ​သ​၌ နေ​ထိုင်​သော​သူ​အ​ပေါင်း​တို့​သည် အဲ​နေ​ကို​မြင်​၍ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​လာ​ကြ​၏။

36. ယုပ္ပေ​မြို့​တွင် ဒေါ်​ကာ​ဟု​အ​ဓိပ္ပာယ်​ရ​သည့် တ​ဗိ​သ​အ​မည်​ရှိ​သော တ​ပည့်​တော်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ကောင်း​သော​အ​မှု၊ ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​အ​မှု​တို့​နှင့် ပြည့်​စုံ​၏။

37. ထို​နေ့​ရက်​များ​တွင် သူ​သည် နာ​မ​ကျန်း​ဖြစ်​ပြီး​သေ​ဆုံး​သွား​သ​ဖြင့် လူ​တို့​သည် သူ​၏​အ​လောင်း​ကို​ရေ​ချိုး​ပေး​ပြီး​လျှင် အ​ထက်​ခန်း​၌ ထား​ကြ​၏။

38. ယုပ္ပေ​မြို့​သည် လုဒ္ဒ​မြို့​နှင့် နီး​သည်​ဖြစ်​၍ လုဒ္ဒ​မြို့​တွင် ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား​လျှင် လူ​နှစ်​ဦး​ကို သူ့​ထံ​သို့​စေ​လွှတ်​ကာ “အ​ကျွန်ုပ်​တို့​ထံ​သို့ အ​လျင်​အ​မြန်​ကြွ​လာ​ခဲ့​ပါ”​ဟု တောင်း​ပန်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 9