တ​မန်​တော်​ဝတ္ထု 9:20-37 Myanmar Standard Bible (MSB)

20. ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း ချက်​ချင်း​ဟော​ပြော​လေ​၏။

21. ကြား​နာ​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ငေး​မော​လျက် “ဤ​သူ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ဤ​နာ​မ​ကို ပတ္ထ​နာ​ပြု​သော​သူ​တို့​အား ဖျက်​ဆီး​ရန် ကြိုး​စား​နေ​သူ​ဖြစ်​ပြီး ထို​သူ​တို့​ကို​ချည်​နှောင်​၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​သို့ ပို့​ဆောင်​မည်​ဟူ​သော​ရည်​ရွယ်​ချက်​ဖြင့် ဤ​နေ​ရာ​သို့​ရောက်​လာ​သည်​မ​ဟုတ်​လော”​ဟု ပြော​ဆို​ကြ​၏။

22. သို့​သော် ရှော​လု​သည် ခွန်​အား​နှင့် ပို​၍​ပြည့်​စုံ​လာ​ပြီး ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း သက်​သေ​ထူ​ကာ ဒ​မတ်​စ​ကပ်​မြို့​၌​နေ​ထိုင်​ကြ​သော​ဂျူး​လူ​မျိုး​တို့​ကို အံ့​ဩ​တွေ​ဝေ​စေ​၏။

23. ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် ရှော​လု​ကို​သတ်​ရန် ကြံ​စည်​ကြ​သော်​လည်း

24. သူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​ကို ရှော​လု​သိ​သွား​လေ​၏။ သူ​တို့​သည် သူ့​ကို​သတ်​ရန် နေ့​ရော​ည​ပါ မြို့​တံ​ခါး​များ​ကို စောင့်​ကြပ်​ထား​ကြ​၏။

25. သို့​သော် ရှော​လု​၏​တ​ပည့်​တို့​သည် ည​အ​ချိန်​၌ သူ့​ကို​ခေါ်​ဆောင်​သွား​ကာ တောင်း​ထဲ​ထည့်​၍ မြို့​ရိုး​ပေါ်​မှ​လျှော​ချ​ကြ​၏။

26. ရှော​လု​သည် ဂျေ​ရု​ဆ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​များ​နှင့်​ပေါင်း​ဖော်​ရန် ကြိုး​စား​သော်​လည်း သူ​တို့​အား​လုံး​သည် သူ့​ကို တ​ပည့်​တော်​ဖြစ်​ကြောင်း မ​ယုံ​ဘဲ ကြောက်​နေ​ကြ​၏။

27. သို့​သော် ဗာ​န​ဗ​သည် သူ့​ကို​ဖေး​မ​၍ တ​မန်​တော်​တို့​ထံ​သို့ ခေါ်​ဆောင်​လာ​ပြီး​လျှင် ရှော​လု​သည် လမ်း​ခ​ရီး​၌ သ​ခင်​ဘု​ရား​ကို တွေ့​မြင်​ခဲ့​ပုံ​မှ​စ​၍ သ​ခင်​ဘု​ရား​က သူ့​အား​မိန့်​တော်​မူ​ခဲ့​ပုံ​နှင့် ဒ​မတ်​စ​ကပ်​မြို့​တွင် ယေ​ရှု​၏​နာ​မ​တော်​၌ ရဲ​ရင့်​စွာ သူ​ဟော​ပြော​ခဲ့​ပုံ​တို့​ကို သူ​တို့​အား ပြော​ပြ​လေ​၏။

28. ထို့​နောက် ရှော​လု​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ သူ​တို့​နှင့်​အ​တူ​နေ​လျက် ဝင်​ထွက်​သွား​လာ​ကာ သ​ခင်​ဘု​ရား​၏​နာ​မ​တော်​၌ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​၏။

29. သူ​သည် ဂ​ရိ​စ​ကား​ကို​ပြော​သော​ဂျူး​လူ​မျိုး​တို့​နှင့် ဆွေး​နွေး​ပြော​ဆို​လျက်​နေ​၏။ သို့​သော် သူ​တို့​သည် ရှော​လု​ကို​သတ်​ရန် ကြံ​စည်​အား​ထုတ်​ကြ​၏။

30. ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​ကြား​သိ​ကြ​သော​အ​ခါ သူ့​ကို ဆီ​ဇာ​ရီး​ယား​မြို့​သို့ ခေါ်​ဆောင်​သွား​၍ တာ​ရှု​မြို့​သို့​လွှတ်​လိုက်​ကြ​၏။

31. ဤ​သို့​ဖြင့် ယု​ဒ​နယ်၊ ဂါ​လိ​လဲ​နယ်​နှင့် ရှ​မာ​ရိ​နယ်​တစ်​လျှောက်​လုံး​၌ အ​သင်း​တော်​သည် ငြိမ်း​ချမ်း​မှု​ကို​ရ​ရှိ​၍ တည်​ဆောက်​မြှင့်​တင်​ခြင်း​ခံ​ရ​ကာ သ​ခင်​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တိုက်​တွန်း​အား​ပေး​ခြင်း​၌​လည်း​ကောင်း လျှောက်​လှမ်း​လျက် တိုး​ပွား​လေ​၏။

32. ပေ​တ​ရု​သည် အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လုဒ္ဒ​မြို့​၌​နေ​ထိုင်​သော သန့်​ရှင်း​သူ​များ​ထံ​သို့​ရောက်​လာ​ခဲ့​ရာ

33. ထို​မြို့​တွင် လေ​ဖြတ်​၍ ရှစ်​နှစ်​ပတ်​လုံး အိပ်​ရာ​ပေါ်​၌​လဲ​လျောင်း​နေ​သည့် အဲ​နေ​အ​မည်​ရှိ​သော​လူ​တစ်​ဦး​ကို တွေ့​လေ​၏။

34. ထို​အ​ခါ ပေ​တ​ရု​က “အဲ​နေ၊ ယေ​ရှု​ခ​ရစ်​တော်​သည် သင့်​ကို​ကျန်း​မာ​စေ​တော်​မူ​ပြီ။ ထ​၍ ကိုယ်​ကိုယ်​တိုင်​အိပ်​ရာ​သိမ်း​လော့”​ဟု ဆို​လျှင် သူ​သည် ချက်​ချင်း​ထ​လေ​၏။

35. လုဒ္ဒ​မြို့​နှင့်​ရှာ​ရုန်​ဒေ​သ​၌ နေ​ထိုင်​သော​သူ​အ​ပေါင်း​တို့​သည် အဲ​နေ​ကို​မြင်​၍ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​လာ​ကြ​၏။

36. ယုပ္ပေ​မြို့​တွင် ဒေါ်​ကာ​ဟု​အ​ဓိပ္ပာယ်​ရ​သည့် တ​ဗိ​သ​အ​မည်​ရှိ​သော တ​ပည့်​တော်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ကောင်း​သော​အ​မှု၊ ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​အ​မှု​တို့​နှင့် ပြည့်​စုံ​၏။

37. ထို​နေ့​ရက်​များ​တွင် သူ​သည် နာ​မ​ကျန်း​ဖြစ်​ပြီး​သေ​ဆုံး​သွား​သ​ဖြင့် လူ​တို့​သည် သူ​၏​အ​လောင်း​ကို​ရေ​ချိုး​ပေး​ပြီး​လျှင် အ​ထက်​ခန်း​၌ ထား​ကြ​၏။

တ​မန်​တော်​ဝတ္ထု 9