တ​မန်​တော်​ဝတ္ထု 9:10-22 Myanmar Standard Bible (MSB)

10. ဒ​မတ်​စ​ကပ်​မြို့​တွင် အာ​န​နိ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သ​ခင်​ဘု​ရား​သည် ရူ​ပါ​ရုံ​၌ “အာ​န​နိ”​ဟု ခေါ်​တော်​မူ​လျှင် အာ​န​နိ​က “အ​ကျွန်ုပ်​ရှိ​ပါ​သည် သ​ခင်​ဘု​ရား”​ဟု ပြန်​လျှောက်​လေ​၏။

11. သ​ခင်​ဘု​ရား​က​လည်း “ထ​၍ လမ်း​ဖြောင့်​ဟု​ခေါ်​သော လမ်း​ကြား​တစ်​ခု​သို့​သွား​ပြီး​လျှင် ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ​၏​အိမ်​၌ မေး​မြန်း​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား သူ​သည် ဆု​တောင်း​လျက်​နေ​၍

12. အာ​န​နိ​အ​မည်​ရှိ​သော​သူ​တစ်​ဦး​ဝင်​လာ​ပြီး သူ​၏​မျက်​စိ​ပြန်​မြင်​စေ​ရန် သူ့​အ​ပေါ်​လက်​တင်​သည်​ကို ရူ​ပါ​ရုံ​၌​မြင်​ခဲ့​ပြီ”​ဟု မိန့်​တော်​မူ​၏။

13. အာ​န​နိ​က​လည်း “သ​ခင်​ဘု​ရား၊ ထို​သူ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ကိုယ်​တော်​၏​သန့်​ရှင်း​သူ​တို့​အ​ပေါ် မ​ကောင်း​မှု​များ မည်​မျှ​လောက်​ပြု​ခဲ့​သည်​ကို လူ​များ​စွာ​တို့​ထံ​မှ အ​ကျွန်ုပ်​ကြား​ရ​ပါ​သည်။

14. ဤ​အ​ရပ်​၌​လည်း ကိုယ်​တော်​၏​နာ​မ​တော်​အား ပတ္ထ​နာ​ပြု​သော​သူ​အ​ပေါင်း​တို့​ကို​ချည်​နှောင်​ထား​ရန် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​မှ အ​ခွင့်​အာ​ဏာ​ကို သူ​ရ​ရှိ​ထား​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

15. သို့​သော် သ​ခင်​ဘု​ရား​က “သွား​လော့။ ဤ​သူ​ကား လူ​မျိုး​ခြား​များ၊ ရှင်​ဘု​ရင်​များ​နှင့် အစ္စ​ရေး​အ​မျိုး​သား​များ​ရှေ့​သို့ ငါ​၏​နာ​မ​ကို​ယူ​ဆောင်​သွား​ရန် ငါ​ရွေး​ကောက်​ထား​သော​တန်​ဆာ​ပ​လာ​ဖြစ်​၏။

16. သူ​သည် ငါ​၏​နာ​မ​အ​တွက် မည်​မျှ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​မည်​ကို သူ့​အား ငါ​ပြ​သ​မည်”​ဟု မိန့်​တော်​မူ​၏။

17. ထို့​ကြောင့် အာ​န​နိ​သည် သွား​၍ အိမ်​ထဲ​သို့​ဝင်​ပြီး​လျှင် ရှော​လု​အ​ပေါ်​လက်​တင်​လျက် “ငါ့​ညီ​ရှော​လု၊ သင်​သည် မျက်​စိ​ပြန်​မြင်​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​မည့်​အ​ကြောင်း သင်​လာ​သော​လမ်း​၌ သင့်​အား​ထင်​ရှား​သော​သ​ခင်​ယေ​ရှု​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏”​ဟု ဆို​လေ​၏။

18. ထို​ခ​ဏ​ချင်း​တွင် ငါး​အ​ကြေး​ခွံ​ကဲ့​သို့​သော​အ​ရာ​သည် ရှော​လု​၏​မျက်​စိ​မှ ကွာ​ကျ​၍ သူ​သည် မျက်​စိ​ပြန်​မြင်​လေ​၏။ သူ​သည် ထ​၍ ဗတ္တိ​ဇံ​ခံ​ပြီး

19. အ​စား​အ​စာ​ကို​သုံး​ဆောင်​ရာ အား​ပြန်​ပြည့်​လာ​၏။ ထို့​နောက် သူ​သည် ဒ​မတ်​စ​ကပ်​မြို့​၌​ရှိ​သော တ​ပည့်​တော်​တို့​နှင့်​အ​တူ ရက်​အ​နည်း​ငယ်​နေ​ထိုင်​ပြီး​မှ

20. ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​၌ ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​ကြောင်း ချက်​ချင်း​ဟော​ပြော​လေ​၏။

21. ကြား​နာ​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ငေး​မော​လျက် “ဤ​သူ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ဤ​နာ​မ​ကို ပတ္ထ​နာ​ပြု​သော​သူ​တို့​အား ဖျက်​ဆီး​ရန် ကြိုး​စား​နေ​သူ​ဖြစ်​ပြီး ထို​သူ​တို့​ကို​ချည်​နှောင်​၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​ထံ​သို့ ပို့​ဆောင်​မည်​ဟူ​သော​ရည်​ရွယ်​ချက်​ဖြင့် ဤ​နေ​ရာ​သို့​ရောက်​လာ​သည်​မ​ဟုတ်​လော”​ဟု ပြော​ဆို​ကြ​၏။

22. သို့​သော် ရှော​လု​သည် ခွန်​အား​နှင့် ပို​၍​ပြည့်​စုံ​လာ​ပြီး ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း သက်​သေ​ထူ​ကာ ဒ​မတ်​စ​ကပ်​မြို့​၌​နေ​ထိုင်​ကြ​သော​ဂျူး​လူ​မျိုး​တို့​ကို အံ့​ဩ​တွေ​ဝေ​စေ​၏။

တ​မန်​တော်​ဝတ္ထု 9