တ​မန်​တော်​ဝတ္ထု 9:1-13 Myanmar Standard Bible (MSB)

1. ရှော​လု​သည် သ​ခင်​ဘု​ရား​၏​တ​ပည့်​တော်​တို့​ကို ခြိမ်း​ခြောက်​၍​သတ်​ဖြတ်​ရန် စိတ်​ဆန္ဒ​ပြင်း​ပြ​လျက်​ရှိ​သေး​၏။ သူ​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ​သို့ ချဉ်း​ကပ်​လျက်

2. ဤ​တ​ရား​လမ်း​သို့ လိုက်​သော​သူ​ကို​တွေ့​လျှင် ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ ချည်​နှောင်​၍ ဂျေ​ရု​ဆ​လင်​မြို့​သို့ ခေါ်​ဆောင်​လာ​နိုင်​ရန် ဒ​မတ်​စ​ကပ်​မြို့​ရှိ ဝတ်​ပြု​စည်း​ဝေး​ကျောင်း​များ​သို့ ပေး​စာ​များ​ကို သူ့​ထံ​မှ တောင်း​လေ​၏။

3. ဤ​သို့​ဖြင့် သူ​သည် သွား​၍ ဒ​မတ်​စ​ကပ်​မြို့​အ​နီး​သို့ ရောက်​လာ​သော​အ​ခါ ကောင်း​ကင်​မှ​အ​လင်း​သည် သူ့​ပတ်​လည်​၌ ရုတ်​တ​ရက်​ထွန်း​တောက်​လေ​၏။

4. သူ​သည် မြေ​ပေါ်​သို့​လဲ​ကျ​သွား​ရာ “ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း”​ဟု သူ့​အား​ပြော​သော​အ​သံ​ကို​ကြား​ရ​၏။

5. ရှော​လု​က​လည်း “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​သည် မည်​သူ​နည်း”​ဟု မေး​လျှောက်​လျှင် “ငါ​သည် သင်​ညှဉ်း​ဆဲ​သော​ယေ​ရှု​ဖြစ်​၏။

6. သင်​သည် ထ​၍ မြို့​ထဲ​သို့​ဝင်​သွား​လော့။ ထို​အ​ခါ သင်​ပြု​ရ​မည့်​အ​မှု​ကို သင့်​အား ပြော​ကြား​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

7. သူ​နှင့်​အ​တူ ခ​ရီး​သွား​ကြ​သော​သူ​တို့​သည် အ​သံ​ကို​ကြား​ရ​သော်​လည်း မည်​သူ့​ကို​မျှ မ​တွေ့​ရ​သော​ကြောင့် မှင်​တက်​မိ​လျက် ရပ်​နေ​ကြ​၏။

8. ရှော​လု​သည် မြေ​ပေါ်​မှ​ထ​၍ မိ​မိ​မျက်​စိ​ကို​ဖွင့်​သော်​လည်း မည်​သည့်​အ​ရာ​ကို​မျှ မ​မြင်​ရ​သ​ဖြင့် လူ​တို့​သည် သူ့​ကို​လက်​ဆွဲ​၍ ဒ​မတ်​စ​ကပ်​မြို့​သို့ ခေါ်​ဆောင်​သွား​ကြ​၏။

9. သူ​သည် သုံး​ရက်​တိုင်​တိုင် မျက်​စိ​ကွယ်​လျက် မ​စား​မ​သောက်​ဘဲ​နေ​လေ​၏။

10. ဒ​မတ်​စ​ကပ်​မြို့​တွင် အာ​န​နိ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သ​ခင်​ဘု​ရား​သည် ရူ​ပါ​ရုံ​၌ “အာ​န​နိ”​ဟု ခေါ်​တော်​မူ​လျှင် အာ​န​နိ​က “အ​ကျွန်ုပ်​ရှိ​ပါ​သည် သ​ခင်​ဘု​ရား”​ဟု ပြန်​လျှောက်​လေ​၏။

11. သ​ခင်​ဘု​ရား​က​လည်း “ထ​၍ လမ်း​ဖြောင့်​ဟု​ခေါ်​သော လမ်း​ကြား​တစ်​ခု​သို့​သွား​ပြီး​လျှင် ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ​၏​အိမ်​၌ မေး​မြန်း​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား သူ​သည် ဆု​တောင်း​လျက်​နေ​၍

12. အာ​န​နိ​အ​မည်​ရှိ​သော​သူ​တစ်​ဦး​ဝင်​လာ​ပြီး သူ​၏​မျက်​စိ​ပြန်​မြင်​စေ​ရန် သူ့​အ​ပေါ်​လက်​တင်​သည်​ကို ရူ​ပါ​ရုံ​၌​မြင်​ခဲ့​ပြီ”​ဟု မိန့်​တော်​မူ​၏။

13. အာ​န​နိ​က​လည်း “သ​ခင်​ဘု​ရား၊ ထို​သူ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ ကိုယ်​တော်​၏​သန့်​ရှင်း​သူ​တို့​အ​ပေါ် မ​ကောင်း​မှု​များ မည်​မျှ​လောက်​ပြု​ခဲ့​သည်​ကို လူ​များ​စွာ​တို့​ထံ​မှ အ​ကျွန်ုပ်​ကြား​ရ​ပါ​သည်။

တ​မန်​တော်​ဝတ္ထု 9