တ​မန်​တော်​ဝတ္ထု 8:20-23 Myanmar Standard Bible (MSB)

20. ထို​အ​ခါ ပေ​တ​ရု​က “သင်​သည် ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​လက်​ဆောင်​ကို ငွေ​အား​ဖြင့်​ဝယ်​ယူ​နိုင်​သည်​ဟု​ထင်​မှတ်​သော​ကြောင့် သင်​၏​ငွေ​သည် သင်​နှင့်​အ​တူ​ပျက်​စီး​ပါ​စေ။

21. သင်​၏​စိတ်​နှ​လုံး​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ မ​မှန်​ကန်​သော​ကြောင့် သင်​သည် ဤ​အ​မှု​အ​ရာ​၌ ပါ​ဝင်​ခွင့်​မ​ရှိ။ သင့်​ဝေ​စု​လည်း​မ​ရှိ။

22. ထို့​ကြောင့် သင်​၌​ရှိ​သော ဤ​မ​ကောင်း​မှု​အ​တွက် နောင်​တ​ရ​လျက် သ​ခင်​ဘု​ရား​ထံ​ဆု​တောင်း​လော့။ သို့​ပြု​လျှင် သင့်​စိတ်​နှ​လုံး​၏​အ​ကြံ​အ​စည်​အ​တွက် သင်​သည် ခွင့်​လွှတ်​ခြင်း​ခံ​ရ​ကောင်း​ခံ​ရ​လိမ့်​မည်။

23. အ​ကြောင်း​မူ​ကား သင်​သည် ခါး​သီး​သော​သည်း​ခြေ​နှင့် မ​တ​ရား​မှု​၏​အ​နှောင်​အ​ဖွဲ့​ထဲ​၌​ရှိ​နေ​သည်​ကို ငါ​မြင်​သည်”​ဟု ဆို​လေ​၏။

တ​မန်​တော်​ဝတ္ထု 8