15. ထိုတမန်တော်နှစ်ပါးသည်ရောက်လာ၍ သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့ခံယူရရှိမည့်အကြောင်း သူတို့အတွက်ဆုတောင်းပေးကြ၏။
16. အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သခင်ယေရှု၏နာမတော်၌ ဗတ္တိဇံခံရုံမျှသာရှိကြပြီး သူတို့တွင် မည်သူ့အပေါ်၌မျှ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ခြင်းမရှိသေးသောကြောင့်ဖြစ်၏။
17. ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် သူတို့အပေါ်လက်တင်ကြသောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြ၏။
18. တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လူတို့ရရှိကြောင်း ရှိမုန်မြင်လျှင် တမန်တော်တို့ထံသို့ ငွေကိုယူဆောင်လာ၍
19. “အကျွန်ုပ်လက်တင်သူတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိစေရန် အကျွန်ုပ်အားလည်း ဤအခွင့်ကိုပေးပါ”ဟု ဆိုလေ၏။
20. ထိုအခါ ပေတရုက “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။
21. သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။
22. ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။
23. အကြောင်းမူကား သင်သည် ခါးသီးသောသည်းခြေနှင့် မတရားမှု၏အနှောင်အဖွဲ့ထဲ၌ရှိနေသည်ကို ငါမြင်သည်”ဟု ဆိုလေ၏။