11. သူတို့သည် သူ့ကိုအာရုံစိုက်ကြခြင်းမှာ သူသည် ကာလကြာမြင့်စွာ မှော်အတတ်ဖြင့် သူတို့ကို အံ့ဩငေးမောစေခဲ့သောကြောင့်ဖြစ်၏။
12. သို့သော် ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်နှင့် ယေရှုခရစ်တော်၏နာမတော်အကြောင်းကို ဟောပြောသောအခါ လူတို့သည် ယုံကြည်လျက် ယောက်ျားများမှစ၍ မိန်းမများပါ ဗတ္တိဇံခံကြ၏။
13. ရှိမုန်ကိုယ်တိုင်သည်လည်း ယုံကြည်၍ ဗတ္တိဇံခံကာ ဖိလိပ္ပုကိုဆည်းကပ်လျက် နိမိတ်လက္ခဏာများနှင့် ကြီးမားသောတန်ခိုးလက္ခဏာများဖြစ်ပေါ်သည်ကို တွေ့မြင်၍ အံ့ဩငေးမောနေ၏။
14. ရှမာရိနယ်သားတို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုလက်ခံကြကြောင်း ဂျေရုဆလင်မြို့တွင်ရှိသော တမန်တော်တို့သည် ကြားသိကြသောအခါ ပေတရုနှင့်ယောဟန်တို့ကို သူတို့ထံသို့စေလွှတ်ကြ၏။
15. ထိုတမန်တော်နှစ်ပါးသည်ရောက်လာ၍ သန့်ရှင်းသောဝိညာဉ်တော်ကို ထိုသူတို့ခံယူရရှိမည့်အကြောင်း သူတို့အတွက်ဆုတောင်းပေးကြ၏။