တ​မန်​တော်​ဝတ္ထု 8:1-6 Myanmar Standard Bible (MSB)

1. ရှော​လု​သည်​လည်း သ​တေ​ဖန်​အ​သတ်​ခံ​ရ​သည့်​အ​မှု​၌ အ​လို​တူ​အ​လို​ပါ​ဖြစ်​၏။ ထို​နေ့​တွင် ဂျေ​ရု​ဆ​လင်​မြို့​ရှိ​အ​သင်း​တော်​အ​ပေါ် ပြင်း​ထန်​သော​ညှဉ်း​ဆဲ​မှု​ဖြစ်​ပေါ်​လာ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​နယ်​နှင့်​ရှ​မာ​ရိ​နယ်​တစ်​လျှောက်​သို့ ကွဲ​လွင့်​သွား​ကြ​၏။

2. ဘု​ရား​တ​ရား​ကြည်​ညို​သော​သူ​တို့​သည် သ​တေ​ဖန်​ကို​သင်္ဂြိုဟ်​၍ သူ့​အ​တွက် ရင်​ဘတ်​စည်​တီး​လျက် ပြင်း​စွာ​ငို​ကြွေး​ကြ​၏။

3. ရှော​လု​သည် တစ်​အိမ်​ပြီး​တစ်​အိမ်​ဝင်​၍ ယောက်ျား​မိန်း​မ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲ​သို့​ပို့​လျက် အ​သင်း​တော်​ကို လိုက်​၍​ဖျက်​ဆီး​လေ​၏။

4. ကွဲ​လွင့်​သွား​သော​သူ​တို့​မူ​ကား နှုတ်​က​ပတ်​တ​ရား​ကို လှည့်​လည်​ဟော​ပြော​ကြ​၏။

5. ဖိ​လိပ္ပု​သည်​လည်း ရှ​မာ​ရိ​နယ်​ရှိ မြို့​တစ်​မြို့​သို့​သွား​၍ လူ​တို့​အား ခ​ရစ်​တော်​အ​ကြောင်း​ကို​ဟော​ပြော​လေ​၏။

6. လူ​ထု​ပ​ရိ​သတ်​တို့​သည် ဖိ​လိပ္ပု​ပြု​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို ကြား​ရ၊ မြင်​ရ​သော​အ​ခါ သူ​ဟော​ပြော​သည့်​အ​ရာ​များ​ကို တ​ညီ​တ​ညွတ်​တည်း​ဂ​ရု​စိုက်​နား​ထောင်​ကြ​၏။

တ​မန်​တော်​ဝတ္ထု 8