တ​မန်​တော်​ဝတ္ထု 7:55-60 Myanmar Standard Bible (MSB)

55. သို့​သော် သ​တေ​ဖန်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​လေ​ရာ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျက်

56. “ကြည့်​ပါ။ ကောင်း​ကင်​သည်​ပွင့်​၍ လူ့​သား​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​၏”​ဟု ဆို​လေ​၏။

57. ထို​အ​ခါ သူ​တို့​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လျက် နား​ကို​ပိတ်​ထား​ကာ သ​တေ​ဖန်​ထံ​သို့ တစ်​ဟုန်​ထိုး​ပြေး​လာ​၍

58. သူ့​ကို မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​လျှင် ခဲ​နှင့်​ပေါက်​ကြ​၏။ သက်​သေ​တို့​သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ရှော​လု​ဟု​ခေါ်​သော လူ​ငယ်​တစ်​ဦး​၏​ခြေ​ရင်း​၌ ချ​ထား​ကြ​၏။

59. သူ​တို့​သည် သ​တေ​ဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သ​တေ​ဖန်​သည် ပတ္ထ​နာ​ပြု​လျက် “သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို လက်​ခံ​တော်​မူ​ပါ”​ဟု မြွက်​ဆို​လေ​၏။

60. ထို့​နောက် သူ​သည် ဒူး​ထောက်​လျက် “သ​ခင်​ဘု​ရား၊ ဤ​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ပြီး​လျှင် အိပ်​ပျော်​ခြင်း​သို့​ရောက်​လေ​၏။

တ​မန်​တော်​ဝတ္ထု 7