တ​မန်​တော်​ဝတ္ထု 7:48-60 Myanmar Standard Bible (MSB)

48. သို့​ရာ​တွင် အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ့​လက်​ဖြင့်​တည်​ဆောက်​သော​ဗိ​မာန်​များ​တွင် ကိန်း​ဝပ်​တော်​မ​မူ။

49. ဤ​သည်​ကား ‘ကောင်း​ကင်​သည် ငါ​၏​ပလ္လင်​ဖြစ်​၏။ မြေ​ကြီး​သည် ငါ​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ သင်​တို့​သည် မည်​သို့​သော​အိမ်​ကို ငါ့​အ​တွက်​တည်​ဆောက်​ကြ​မည်​နည်း။ မည်​သည့်​အ​ရပ်​သည် ငါ​နား​နေ​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။

50. ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏’​ဟူ​၍ ပ​ရော​ဖက်​ဆို​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

51. ခေါင်း​မာ​၍ နား​နှင့်​စိတ်​နှ​လုံး​တို့​၌ အ​ရေ​ဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုး​ဘေး​များ​နည်း​တူ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​စဉ်​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။

52. သင်​တို့​ဘိုး​ဘေး​များ မ​ညှဉ်း​ဆဲ​ခဲ့​သော​ပ​ရော​ဖက်​တစ်​ပါး​ပါး​ရှိ​သ​လော။ သူ​တို့​သည် ဖြောင့်​မတ်​သော​အ​ရှင်​ကြွ​လာ​မည့်​အ​ကြောင်း ကြို​တင်​ဟော​ပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယ​ခု သင်​တို့​သည် ထို​ဖြောင့်​မတ်​သော​အ​ရှင်​ကို သစ္စာ​ဖောက်​သော​သူ​နှင့် သတ်​ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။

53. သင်​တို့​သည် ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် ပြဋ္ဌာန်း​ထား​သော​ပ​ညတ်​တ​ရား​ကို ရ​ရှိ​သော်​လည်း ၎င်း​ကို​စောင့်​ထိန်း​ခြင်း​မ​ရှိ​ကြ”​ဟု ဆို​လေ​၏။

54. သူ​တို့​သည် ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ကြား​ကြ​သော​အ​ခါ သူ​တို့​၏​စိတ်​ထဲ​တွင် သ​တေ​ဖန်​အ​ပေါ် ပြင်း​စွာ​အ​မျက်​ထွက်​၍ အံ​ကြိတ်​ကြ​၏။

55. သို့​သော် သ​တေ​ဖန်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​လေ​ရာ ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျက်

56. “ကြည့်​ပါ။ ကောင်း​ကင်​သည်​ပွင့်​၍ လူ့​သား​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​၏”​ဟု ဆို​လေ​၏။

57. ထို​အ​ခါ သူ​တို့​သည် ကျယ်​လောင်​သော​အ​သံ​ဖြင့် အော်​ဟစ်​လျက် နား​ကို​ပိတ်​ထား​ကာ သ​တေ​ဖန်​ထံ​သို့ တစ်​ဟုန်​ထိုး​ပြေး​လာ​၍

58. သူ့​ကို မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​လျှင် ခဲ​နှင့်​ပေါက်​ကြ​၏။ သက်​သေ​တို့​သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို ရှော​လု​ဟု​ခေါ်​သော လူ​ငယ်​တစ်​ဦး​၏​ခြေ​ရင်း​၌ ချ​ထား​ကြ​၏။

59. သူ​တို့​သည် သ​တေ​ဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သ​တေ​ဖန်​သည် ပတ္ထ​နာ​ပြု​လျက် “သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်​၏​ဝိ​ညာဉ်​ကို လက်​ခံ​တော်​မူ​ပါ”​ဟု မြွက်​ဆို​လေ​၏။

60. ထို့​နောက် သူ​သည် ဒူး​ထောက်​လျက် “သ​ခင်​ဘု​ရား၊ ဤ​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​တင်​တော်​မ​မူ​ပါ​နှင့်”​ဟု ကျယ်​လောင်​သော​အ​သံ​ဖြင့်​ကြွေး​ကြော်​ပြီး​လျှင် အိပ်​ပျော်​ခြင်း​သို့​ရောက်​လေ​၏။

တ​မန်​တော်​ဝတ္ထု 7