တ​မန်​တော်​ဝတ္ထု 7:43-52 Myanmar Standard Bible (MSB)

43. သင်​တို့​သည် မော​လုပ်​၏​တဲ​နှင့် သင်​တို့​ဘု​ရား​ရင်​ဖန်​၏​ကြယ်​တို့​ကို သယ်​ဆောင်​ခဲ့​ကြ​၏။ ၎င်း​တို့​သည် သင်​တို့​ကိုး​ကွယ်​ရန်​ပြု​လုပ်​ထား​သော ရုပ်​တု​များ​ဖြစ်​ကြ​၏။ ထို့​ကြောင့် ငါ​သည် သင်​တို့​ကို ဘေ​ဘီ​လုံ​မြို့​တစ်​ဖက်​လွန်​အောင် ပြောင်း​ရွှေ့​စေ​မည်’​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

44. ငါ​တို့​၏​ဘိုး​ဘေး​များ​အ​တွက် တော​ကန္တာ​ရ​တွင် သက်​သေ​ခံ​တဲ​တော်​ရှိ​၏။ ၎င်း​သည် မော​ရှေ​အား သူ​မြင်​ရ​သည့်​ပုံ​စံ​နှင့်​အ​ညီ​ပြု​လုပ်​ရန် မြွက်​ဆို​တော်​မူ​သော​အ​ရှင်​က မှာ​ကြား​သည့်​အ​တိုင်း ပြု​လုပ်​ထား​သော​တဲ​တော်​ဖြစ်​၏။

45. ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ထို​တဲ​တော်​ကို​ဆက်​ခံ​၍ ငါ​တို့​ဘိုး​ဘေး​များ​ရှေ့​မှ ဘု​ရား​သ​ခင်​နှင်​ထုတ်​တော်​မူ​သော လူ​မျိုး​ခြား​တို့​၏​ပြည်​ကို သူ​တို့​သိမ်း​ပိုက်​ကြ​သော​အ​ခါ ယော​ရှု​နှင့်​အ​တူ ၎င်း​ကို​သယ်​ဆောင်​လာ​ကြ​၏။ ထို​တဲ​တော်​သည် ဒါ​ဝိဒ်​လက်​ထက်​တိုင်​အောင်​ရှိ​ခဲ့​၏။

46. ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ကျေး​ဇူး​တော်​ခံ​စား​ရ​၍ ယာ​ကုပ်​၏​ဘု​ရား​စံ​မြန်း​တော်​မူ​ရာ​အ​ရပ်​ကို​ပြင်​ဆင်​နိုင်​ရန် တောင်း​လျှောက်​ခဲ့​၏။

47. သို့​သော် ဘု​ရား​သ​ခင်​အ​တွက် အိမ်​တော်​ကို​တည်​ဆောက်​ခဲ့​သူ​မှာ ရှော​လ​မုန်​ဖြစ်​၏။

48. သို့​ရာ​တွင် အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ့​လက်​ဖြင့်​တည်​ဆောက်​သော​ဗိ​မာန်​များ​တွင် ကိန်း​ဝပ်​တော်​မ​မူ။

49. ဤ​သည်​ကား ‘ကောင်း​ကင်​သည် ငါ​၏​ပလ္လင်​ဖြစ်​၏။ မြေ​ကြီး​သည် ငါ​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ သင်​တို့​သည် မည်​သို့​သော​အိမ်​ကို ငါ့​အ​တွက်​တည်​ဆောက်​ကြ​မည်​နည်း။ မည်​သည့်​အ​ရပ်​သည် ငါ​နား​နေ​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။

50. ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏’​ဟူ​၍ ပ​ရော​ဖက်​ဆို​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

51. ခေါင်း​မာ​၍ နား​နှင့်​စိတ်​နှ​လုံး​တို့​၌ အ​ရေ​ဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုး​ဘေး​များ​နည်း​တူ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို အ​စဉ်​ဆန့်​ကျင်​ဘက်​ပြု​ကြ​၏။

52. သင်​တို့​ဘိုး​ဘေး​များ မ​ညှဉ်း​ဆဲ​ခဲ့​သော​ပ​ရော​ဖက်​တစ်​ပါး​ပါး​ရှိ​သ​လော။ သူ​တို့​သည် ဖြောင့်​မတ်​သော​အ​ရှင်​ကြွ​လာ​မည့်​အ​ကြောင်း ကြို​တင်​ဟော​ပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယ​ခု သင်​တို့​သည် ထို​ဖြောင့်​မတ်​သော​အ​ရှင်​ကို သစ္စာ​ဖောက်​သော​သူ​နှင့် သတ်​ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။

တ​မန်​တော်​ဝတ္ထု 7