တ​မန်​တော်​ဝတ္ထု 7:38-45 Myanmar Standard Bible (MSB)

38. သူ​သည် သိ​နာ​တောင်​၌ သူ့​အား​စ​ကား​ပြော​ခဲ့​သော​ကောင်း​ကင်​တ​မန်​မှ​စ​၍ ငါ​တို့​၏​ဘိုး​ဘေး​များ​နှင့်​အ​တူ တော​ကန္တာ​ရ​တွင်​ရှိ​သော​လူ​အ​စု​အ​ဝေး​ထဲ​၌​ရှိ​လျက် ငါ​တို့​အား​ပေး​အပ်​ရန် အ​သက်​ရှင်​သော​နှုတ်​က​ပတ်​တ​ရား​ကို လက်​ခံ​ရ​ရှိ​ခဲ့​၏။

39. သို့​သော် ငါ​တို့​၏​ဘိုး​ဘေး​များ​သည် သူ့​စ​ကား​ကို​နား​ထောင်​လို​သော​ဆန္ဒ​မ​ရှိ​ဘဲ သူ့​ကို​ပစ်​ပယ်​၍ သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ အီ​ဂျစ်​ပြည်​ကို​တမ်း​တ​ကာ

40. အာ​ရုန်​အား ‘ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော ထို​မော​ရှေ​သည် မည်​သို့​ဖြစ်​သွား​သည်​ကို ငါ​တို့​မ​သိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​ရှေ့​မှ​ကြွ​သွား​မည့်​ဘု​ရား​များ​ကို ငါ​တို့​အ​တွက်​ပြု​လုပ်​ပေး​ပါ’​ဟု တောင်း​ဆို​ကြ​၏။

41. ဤ​သို့​ဖြင့် သူ​တို့​သည် ထို​နေ့​ရက်​များ​၌ နွား​သ​ငယ်​ရုပ်​ကို​သွန်း​လုပ်​၍ ထို​ရုပ်​တု​ထံ​သို့ ယဇ်​ကို​ယူ​ဆောင်​လာ​ကာ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​အ​ရာ​၌ ပျော်​မွေ့​နေ​ကြ​၏။

42. ထို​အ​ခါ ဘု​ရား​သ​ခင်​သည် သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍ သူ​တို့​အား ကောင်း​ကင်​ကြယ်​တာ​ရာ​များ​ကို​ဝတ်​ပြု​စေ​ရန် စွန့်​ပစ်​ထား​တော်​မူ​၏။ ဤ​သည်​ကား ပ​ရော​ဖက်​ကျမ်း​တွင် ‘အစ္စ​ရေး​အ​မျိုး​တို့၊ သင်​တို့​သည် တော​ကန္တာ​ရ​တွင် နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင် ယဇ်​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​နှင့်​ယဇ်​များ​ကို ငါ့​ထံ​သို့ ယူ​ဆောင်​လာ​ခဲ့​ဖူး​သ​လော။

43. သင်​တို့​သည် မော​လုပ်​၏​တဲ​နှင့် သင်​တို့​ဘု​ရား​ရင်​ဖန်​၏​ကြယ်​တို့​ကို သယ်​ဆောင်​ခဲ့​ကြ​၏။ ၎င်း​တို့​သည် သင်​တို့​ကိုး​ကွယ်​ရန်​ပြု​လုပ်​ထား​သော ရုပ်​တု​များ​ဖြစ်​ကြ​၏။ ထို့​ကြောင့် ငါ​သည် သင်​တို့​ကို ဘေ​ဘီ​လုံ​မြို့​တစ်​ဖက်​လွန်​အောင် ပြောင်း​ရွှေ့​စေ​မည်’​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

44. ငါ​တို့​၏​ဘိုး​ဘေး​များ​အ​တွက် တော​ကန္တာ​ရ​တွင် သက်​သေ​ခံ​တဲ​တော်​ရှိ​၏။ ၎င်း​သည် မော​ရှေ​အား သူ​မြင်​ရ​သည့်​ပုံ​စံ​နှင့်​အ​ညီ​ပြု​လုပ်​ရန် မြွက်​ဆို​တော်​မူ​သော​အ​ရှင်​က မှာ​ကြား​သည့်​အ​တိုင်း ပြု​လုပ်​ထား​သော​တဲ​တော်​ဖြစ်​၏။

45. ငါ​တို့​၏​ဘိုး​ဘေး​များ​သည် ထို​တဲ​တော်​ကို​ဆက်​ခံ​၍ ငါ​တို့​ဘိုး​ဘေး​များ​ရှေ့​မှ ဘု​ရား​သ​ခင်​နှင်​ထုတ်​တော်​မူ​သော လူ​မျိုး​ခြား​တို့​၏​ပြည်​ကို သူ​တို့​သိမ်း​ပိုက်​ကြ​သော​အ​ခါ ယော​ရှု​နှင့်​အ​တူ ၎င်း​ကို​သယ်​ဆောင်​လာ​ကြ​၏။ ထို​တဲ​တော်​သည် ဒါ​ဝိဒ်​လက်​ထက်​တိုင်​အောင်​ရှိ​ခဲ့​၏။

တ​မန်​တော်​ဝတ္ထု 7