တ​မန်​တော်​ဝတ္ထု 7:33-42 Myanmar Standard Bible (MSB)

33. တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က ‘သင်​ရပ်​နေ​သော​နေ​ရာ​သည် သန့်​ရှင်း​သော​မြေ​ဖြစ်​၍ သင်​၏​ခြေ​မှ​ဖိ​နပ်​ကို​ချွတ်​လော့။

34. ငါ​သည် အီ​ဂျစ်​ပြည်​၌​ရှိ​သော ငါ​၏​လူ​မျိုး​တော်​ခံ​နေ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​ကို​တွေ့​မြင်​လျက် သူ​တို့​၏​ညည်း​တွား​သံ​ကို​ကြား​ရ​သည်​ဖြစ်​၍ သူ​တို့​ကို​ကယ်​နုတ်​ရန် ဆင်း​လာ​ပြီ။ ထို့​ကြောင့် ယ​ခု​လာ​ခဲ့​လော့။ သင့်​ကို အီ​ဂျစ်​ပြည်​သို့ ငါ​စေ​လွှတ်​မည်’​ဟု မိန့်​တော်​မူ​၏။

35. ဤ​သို့​ဖြင့် ‘မည်​သူ​သည် သင့်​ကို အ​ကြီး​အ​ကဲ​နှင့်​တ​ရား​သူ​ကြီး​အ​ရာ​၌ ခန့်​ထား​သ​နည်း’​ဟု ဆို​လျက် လူ​တို့​ငြင်း​ပယ်​ခဲ့​သော ထို​မော​ရှေ​ကို ဘု​ရား​သ​ခင်​သည် ချုံ​ပုတ်​ထဲ​၌ ထင်​ရှား​သော​ကောင်း​ကင်​တ​မန်​အား​ဖြင့် အ​ကြီး​အ​ကဲ​နှင့်​ရွေး​နုတ်​ကယ်​တင်​သူ​အ​ဖြစ် စေ​လွှတ်​တော်​မူ​၏။

36. သူ​သည် အစ္စ​ရေး​လူ​မျိုး​တို့​ကို​ထုတ်​ဆောင်​လာ​၍ အီ​ဂျစ်​ပြည်​၌​လည်း​ကောင်း၊ ပင်​လယ်​နီ​၌​လည်း​ကောင်း၊ အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တော​ကန္တာ​ရ​၌​လည်း​ကောင်း နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​ကို​ပြု​ခဲ့​၏။

37. ထို​မော​ရှေ​သည် အစ္စ​ရေး​အ​မျိုး​သား​တို့​အား ‘ဘု​ရား​သ​ခင်​သည် သင်​တို့​၏​ညီ​အစ်​ကို​များ​ထဲ​မှ ငါ​နှင့်​တူ​သော​ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်’​ဟု ပြော​ဆို​ခဲ့​သူ​ဖြစ်​၏။

38. သူ​သည် သိ​နာ​တောင်​၌ သူ့​အား​စ​ကား​ပြော​ခဲ့​သော​ကောင်း​ကင်​တ​မန်​မှ​စ​၍ ငါ​တို့​၏​ဘိုး​ဘေး​များ​နှင့်​အ​တူ တော​ကန္တာ​ရ​တွင်​ရှိ​သော​လူ​အ​စု​အ​ဝေး​ထဲ​၌​ရှိ​လျက် ငါ​တို့​အား​ပေး​အပ်​ရန် အ​သက်​ရှင်​သော​နှုတ်​က​ပတ်​တ​ရား​ကို လက်​ခံ​ရ​ရှိ​ခဲ့​၏။

39. သို့​သော် ငါ​တို့​၏​ဘိုး​ဘေး​များ​သည် သူ့​စ​ကား​ကို​နား​ထောင်​လို​သော​ဆန္ဒ​မ​ရှိ​ဘဲ သူ့​ကို​ပစ်​ပယ်​၍ သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ အီ​ဂျစ်​ပြည်​ကို​တမ်း​တ​ကာ

40. အာ​ရုန်​အား ‘ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော ထို​မော​ရှေ​သည် မည်​သို့​ဖြစ်​သွား​သည်​ကို ငါ​တို့​မ​သိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​ရှေ့​မှ​ကြွ​သွား​မည့်​ဘု​ရား​များ​ကို ငါ​တို့​အ​တွက်​ပြု​လုပ်​ပေး​ပါ’​ဟု တောင်း​ဆို​ကြ​၏။

41. ဤ​သို့​ဖြင့် သူ​တို့​သည် ထို​နေ့​ရက်​များ​၌ နွား​သ​ငယ်​ရုပ်​ကို​သွန်း​လုပ်​၍ ထို​ရုပ်​တု​ထံ​သို့ ယဇ်​ကို​ယူ​ဆောင်​လာ​ကာ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​အ​ရာ​၌ ပျော်​မွေ့​နေ​ကြ​၏။

42. ထို​အ​ခါ ဘု​ရား​သ​ခင်​သည် သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍ သူ​တို့​အား ကောင်း​ကင်​ကြယ်​တာ​ရာ​များ​ကို​ဝတ်​ပြု​စေ​ရန် စွန့်​ပစ်​ထား​တော်​မူ​၏။ ဤ​သည်​ကား ပ​ရော​ဖက်​ကျမ်း​တွင် ‘အစ္စ​ရေး​အ​မျိုး​တို့၊ သင်​တို့​သည် တော​ကန္တာ​ရ​တွင် နှစ်​ပေါင်း​လေး​ဆယ်​တိုင်​တိုင် ယဇ်​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​နှင့်​ယဇ်​များ​ကို ငါ့​ထံ​သို့ ယူ​ဆောင်​လာ​ခဲ့​ဖူး​သ​လော။

တ​မန်​တော်​ဝတ္ထု 7