31. ထိုရူပါရုံကိုမြင်ရသောအခါ မောရှေသည်အံ့သြလျက် ၎င်းကို သေချာစွာကြည့်ရှုရန် ချဉ်းကပ်ရာ
32. ‘ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားဖြစ်၏’ဟူ၍ ထာဝရဘုရား၏အသံတော်ထွက်ပေါ်လာ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် မကြည့်ဝံ့ဘဲနေ၏။
33. တစ်ဖန် ထာဝရဘုရားက ‘သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကိုချွတ်လော့။
34. ငါသည် အီဂျစ်ပြည်၌ရှိသော ငါ၏လူမျိုးတော်ခံနေရသည့် ဆင်းရဲဒုက္ခကိုတွေ့မြင်လျက် သူတို့၏ညည်းတွားသံကိုကြားရသည်ဖြစ်၍ သူတို့ကိုကယ်နုတ်ရန် ဆင်းလာပြီ။ ထို့ကြောင့် ယခုလာခဲ့လော့။ သင့်ကို အီဂျစ်ပြည်သို့ ငါစေလွှတ်မည်’ဟု မိန့်တော်မူ၏။