တ​မန်​တော်​ဝတ္ထု 7:24-40 Myanmar Standard Bible (MSB)

24. ထို့​နောက် လူ​တစ်​ဦး​သည် မ​တ​ရား​သ​ဖြင့်​ပြု​မူ​ခြင်း​ခံ​နေ​ရ​သည်​ကို​မြင်​၍ ထို​သူ​ကို​ကာ​ကွယ်​လျက် အီ​ဂျစ်​အ​မျိုး​သား​ကို​ရိုက်​သတ်​ကာ ဖိ​နှိပ်​ခံ​ရ​သူ​အ​တွက် လက်​တုံ့​ပြန်​လေ​၏။

25. မော​ရှေ​က သူ့​လက်​ဖြင့် သူ​၏​ညီ​အစ်​ကို​တို့​အား လွတ်​မြောက်​ခြင်း​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဖြစ်​ကြောင်း သူ​တို့​နား​လည်​ကြ​လိမ့်​မည်​ဟု ထင်​ခဲ့​သော်​လည်း သူ​တို့​သည်​နား​မ​လည်​ခဲ့​ကြ​ပေ။

26. နောက်​တစ်​နေ့​တွင် မော​ရှေ​သည် အစ္စ​ရေး​လူ​မျိုး​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​နေ​ကြ​သည်​ကို​မြင်​၍ ‘မိတ်​ဆွေ​တို့၊ သင်​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​ကြ​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့် အ​ချင်း​ချင်း​မ​တ​ရား​သ​ဖြင့်​ပြု​ကြ​သ​နည်း’​ဟု သူ​တို့​အား​ဆို​လျက် သင့်​မြတ်​ငြိမ်း​ချမ်း​ကြ​ရန် ဖျန်​ဖြေ​ပေး​၏။

27. သို့​သော် အိမ်​နီး​ချင်း​ကို မ​တ​ရား​သ​ဖြင့်​ပြု​နေ​သော​သူ​သည် မော​ရှေ​ကို​တွန်း​ဖယ်​၍ ‘မည်​သူ​သည် သင့်​ကို ငါ​တို့​၏​အ​ကြီး​အ​ကဲ​နှင့်​တ​ရား​သူ​ကြီး​အ​ရာ​၌ ခန့်​ထား​သ​နည်း။

28. သင်​သည် မ​နေ့​က အီ​ဂျစ်​လူ​မျိုး​ကို​သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​လို​သ​လော’​ဟု ဆို​လေ​၏။

29. မော​ရှေ​သည် ထို​စ​ကား​ကို​ကြား​လျှင် ထွက်​ပြေး​၍ မိ​ဒျန်​ပြည်​တွင် ဧည့်​သည်​အ​ဖြစ်​နေ​ထိုင်​ကာ ထို​ပြည်​၌ သား​နှစ်​ယောက်​ရ​ခဲ့​၏။

30. အ​နှစ်​လေး​ဆယ်​ပြည့်​သော​အ​ခါ သိ​နာ​တောင်​၏​တော​ကန္တာ​ရ​တွင် ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မီး​တောက်​လောင်​သော​ချုံ​ပုတ်​ထဲ​၌ မော​ရှေ​ထံ ထင်​ရှား​လေ​၏။

31. ထို​ရူ​ပါ​ရုံ​ကို​မြင်​ရ​သော​အ​ခါ မော​ရှေ​သည်​အံ့​သြ​လျက် ၎င်း​ကို သေ​ချာ​စွာ​ကြည့်​ရှု​ရန် ချဉ်း​ကပ်​ရာ

32. ‘ငါ​သည် သင့်​ဘိုး​ဘေး​တို့​၏​ဘု​ရား၊ အာ​ဗြ​ဟံ၊ ဣ​ဇက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား​ဖြစ်​၏’​ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။ ထို​အ​ခါ မော​ရှေ​သည် တုန်​လှုပ်​လျက် မ​ကြည့်​ဝံ့​ဘဲ​နေ​၏။

33. တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က ‘သင်​ရပ်​နေ​သော​နေ​ရာ​သည် သန့်​ရှင်း​သော​မြေ​ဖြစ်​၍ သင်​၏​ခြေ​မှ​ဖိ​နပ်​ကို​ချွတ်​လော့။

34. ငါ​သည် အီ​ဂျစ်​ပြည်​၌​ရှိ​သော ငါ​၏​လူ​မျိုး​တော်​ခံ​နေ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​ကို​တွေ့​မြင်​လျက် သူ​တို့​၏​ညည်း​တွား​သံ​ကို​ကြား​ရ​သည်​ဖြစ်​၍ သူ​တို့​ကို​ကယ်​နုတ်​ရန် ဆင်း​လာ​ပြီ။ ထို့​ကြောင့် ယ​ခု​လာ​ခဲ့​လော့။ သင့်​ကို အီ​ဂျစ်​ပြည်​သို့ ငါ​စေ​လွှတ်​မည်’​ဟု မိန့်​တော်​မူ​၏။

35. ဤ​သို့​ဖြင့် ‘မည်​သူ​သည် သင့်​ကို အ​ကြီး​အ​ကဲ​နှင့်​တ​ရား​သူ​ကြီး​အ​ရာ​၌ ခန့်​ထား​သ​နည်း’​ဟု ဆို​လျက် လူ​တို့​ငြင်း​ပယ်​ခဲ့​သော ထို​မော​ရှေ​ကို ဘု​ရား​သ​ခင်​သည် ချုံ​ပုတ်​ထဲ​၌ ထင်​ရှား​သော​ကောင်း​ကင်​တ​မန်​အား​ဖြင့် အ​ကြီး​အ​ကဲ​နှင့်​ရွေး​နုတ်​ကယ်​တင်​သူ​အ​ဖြစ် စေ​လွှတ်​တော်​မူ​၏။

36. သူ​သည် အစ္စ​ရေး​လူ​မျိုး​တို့​ကို​ထုတ်​ဆောင်​လာ​၍ အီ​ဂျစ်​ပြည်​၌​လည်း​ကောင်း၊ ပင်​လယ်​နီ​၌​လည်း​ကောင်း၊ အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တော​ကန္တာ​ရ​၌​လည်း​ကောင်း နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​ကို​ပြု​ခဲ့​၏။

37. ထို​မော​ရှေ​သည် အစ္စ​ရေး​အ​မျိုး​သား​တို့​အား ‘ဘု​ရား​သ​ခင်​သည် သင်​တို့​၏​ညီ​အစ်​ကို​များ​ထဲ​မှ ငါ​နှင့်​တူ​သော​ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်’​ဟု ပြော​ဆို​ခဲ့​သူ​ဖြစ်​၏။

38. သူ​သည် သိ​နာ​တောင်​၌ သူ့​အား​စ​ကား​ပြော​ခဲ့​သော​ကောင်း​ကင်​တ​မန်​မှ​စ​၍ ငါ​တို့​၏​ဘိုး​ဘေး​များ​နှင့်​အ​တူ တော​ကန္တာ​ရ​တွင်​ရှိ​သော​လူ​အ​စု​အ​ဝေး​ထဲ​၌​ရှိ​လျက် ငါ​တို့​အား​ပေး​အပ်​ရန် အ​သက်​ရှင်​သော​နှုတ်​က​ပတ်​တ​ရား​ကို လက်​ခံ​ရ​ရှိ​ခဲ့​၏။

39. သို့​သော် ငါ​တို့​၏​ဘိုး​ဘေး​များ​သည် သူ့​စ​ကား​ကို​နား​ထောင်​လို​သော​ဆန္ဒ​မ​ရှိ​ဘဲ သူ့​ကို​ပစ်​ပယ်​၍ သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ အီ​ဂျစ်​ပြည်​ကို​တမ်း​တ​ကာ

40. အာ​ရုန်​အား ‘ငါ​တို့​ကို အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော ထို​မော​ရှေ​သည် မည်​သို့​ဖြစ်​သွား​သည်​ကို ငါ​တို့​မ​သိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​ရှေ့​မှ​ကြွ​သွား​မည့်​ဘု​ရား​များ​ကို ငါ​တို့​အ​တွက်​ပြု​လုပ်​ပေး​ပါ’​ဟု တောင်း​ဆို​ကြ​၏။

တ​မန်​တော်​ဝတ္ထု 7