တ​မန်​တော်​ဝတ္ထု 7:19-27 Myanmar Standard Bible (MSB)

19. ထို​ဘု​ရင်​သည် ငါ​တို့​လူ​မျိုး​အ​ပေါ်​ဉာဏ်​ဆင်​လျက် ငါ​တို့​၏​ဘိုး​ဘေး​များ​ကို မ​တ​ရား​နှိပ်​စက်​ကာ သူ​တို့​၏​က​လေး​ငယ်​များ​ကို အ​သက်​မ​ရှင်​စေ​ရန် ပစ်​ထား​စေ​၏။

20. ထို​သို့​သော​အ​ချိန်​၌ မော​ရှေ​သည် မွေး​ဖွား​လာ​ခဲ့​၏။ သူ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ အ​ဆင်း​လှ​သော​က​လေး​ဖြစ်​ပြီး ဖ​ခင်​၏​အိမ်​၌ သုံး​လ​တိုင်​တိုင်​ကျွေး​မွေး​ပြု​စု​ခြင်း​ခံ​ရ​၏။

21. ထို့​နောက် အ​ပြင်​၌​ထုတ်​ထား​သော​အ​ခါ ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​သည် သူ့​ကို​ကောက်​ယူ​၍ မိ​မိ​သား​အ​ဖြစ်​မွေး​စား​လေ​၏။

22. မော​ရှေ​သည် အီ​ဂျစ်​လူ​မျိုး​တို့​၏​အ​တတ်​ပ​ညာ​အ​လုံး​စုံ​တို့​ကို သင်​ကြား​တတ်​မြောက်​သ​ဖြင့် ပြော​ဆို​မှု​နှင့်​လုပ်​ဆောင်​မှု​တို့​၌ အ​စွမ်း​သတ္တိ​ရှိ​၏။

23. သူ​သည် အ​သက်​လေး​ဆယ်​ပြည့်​သော​အ​ခါ မိ​မိ​ညီ​အစ်​ကို​များ​ဖြစ်​ကြ​သော အစ္စ​ရေး​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​သွား​လို​သော​စိတ်​ဆန္ဒ​ဖြစ်​ပေါ်​လာ​လေ​၏။

24. ထို့​နောက် လူ​တစ်​ဦး​သည် မ​တ​ရား​သ​ဖြင့်​ပြု​မူ​ခြင်း​ခံ​နေ​ရ​သည်​ကို​မြင်​၍ ထို​သူ​ကို​ကာ​ကွယ်​လျက် အီ​ဂျစ်​အ​မျိုး​သား​ကို​ရိုက်​သတ်​ကာ ဖိ​နှိပ်​ခံ​ရ​သူ​အ​တွက် လက်​တုံ့​ပြန်​လေ​၏။

25. မော​ရှေ​က သူ့​လက်​ဖြင့် သူ​၏​ညီ​အစ်​ကို​တို့​အား လွတ်​မြောက်​ခြင်း​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဖြစ်​ကြောင်း သူ​တို့​နား​လည်​ကြ​လိမ့်​မည်​ဟု ထင်​ခဲ့​သော်​လည်း သူ​တို့​သည်​နား​မ​လည်​ခဲ့​ကြ​ပေ။

26. နောက်​တစ်​နေ့​တွင် မော​ရှေ​သည် အစ္စ​ရေး​လူ​မျိုး​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​နေ​ကြ​သည်​ကို​မြင်​၍ ‘မိတ်​ဆွေ​တို့၊ သင်​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​ကြ​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့် အ​ချင်း​ချင်း​မ​တ​ရား​သ​ဖြင့်​ပြု​ကြ​သ​နည်း’​ဟု သူ​တို့​အား​ဆို​လျက် သင့်​မြတ်​ငြိမ်း​ချမ်း​ကြ​ရန် ဖျန်​ဖြေ​ပေး​၏။

27. သို့​သော် အိမ်​နီး​ချင်း​ကို မ​တ​ရား​သ​ဖြင့်​ပြု​နေ​သော​သူ​သည် မော​ရှေ​ကို​တွန်း​ဖယ်​၍ ‘မည်​သူ​သည် သင့်​ကို ငါ​တို့​၏​အ​ကြီး​အ​ကဲ​နှင့်​တ​ရား​သူ​ကြီး​အ​ရာ​၌ ခန့်​ထား​သ​နည်း။

တ​မန်​တော်​ဝတ္ထု 7