တ​မန်​တော်​ဝတ္ထု 6:8-13 Myanmar Standard Bible (MSB)

8. သ​တေ​ဖန်​သည် ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း ပြည့်​ဝ​လျက် ကြီး​စွာ​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​သြ​ဖွယ်​ရာ​များ​ကို လူ​တို့​ရှေ့​တွင်​ပြု​လေ​၏။

9. ထို​အ​ခါ ‘လိ​ဗေ​ရ​တိန်’​ဟု အ​မည်​တွင်​သည့် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ လူ​အ​ချို့​ဖြစ်​ကြ​သော ကု​ရေ​နေ​မြို့​သား​များ၊ အ​လက်​ဇန္ဒြိ​ယ​မြို့​သား​များ​မှ​စ​၍ ဆီ​လီ​ဆီး​ယား​ပြည်​နှင့် အာ​ရှ​ပြည်​တို့​မှ​လာ​သော​သူ​တို့​သည် ထ​၍ သ​တေ​ဖန်​နှင့်​ငြင်း​ခုံ​ပြော​ဆို​ကြ​၏။

10. သို့​သော် ဝိ​ညာဉ်​တော်​နှင့်​ဉာဏ်​ပ​ညာ​တို့​ဖြင့် သ​တေ​ဖန်​ပြော​ဆို​သော​အ​ရာ​ကို သူ​တို့​သည် အ​တိုက်​အ​ခံ​ပြော​ဆို​၍​မ​ရ​နိုင်​ကြ​ချေ။

11. ထို​အ​ခါ သူ​တို့​သည် လူ​တို့​ကို​သွေး​ထိုး​ပေး​၍ “ဤ​သူ​သည် မော​ရှေ​နှင့်​ဘု​ရား​သ​ခင်​အား စော်​ကား​သည့်​စ​ကား​များ​ပြော​ဆို​နေ​သည်​ကို ငါ​တို့​ကြား​ရ​သည်”​ဟု ဆို​စေ​ကြ​၏။

12. ထို့​ပြင် သက်​ကြီး​ဝါ​ကြီး​များ၊ ကျမ်း​ပြု​ဆ​ရာ​များ​နှင့် လူ​ထု​တို့​ကို လှုံ့​ဆော်​၍ သူ့​ကို​ဝင်​ရောက်​ဖမ်း​ဆီး​ကာ တ​ရား​လွှတ်​တော်​သို့ ခေါ်​ဆောင်​သွား​ကြ​၏။

13. ထို့​နောက် သူ​တို့​သည် မ​မှန်​သော​သက်​သေ​များ​ကို​ခေါ်​လာ​၍ “ဤ​သူ​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့်​ပ​ညတ်​တ​ရား​တို့​အား ဆန့်​ကျင်​သည့်​စ​ကား​ကို အ​စဉ်​မ​ပြတ်​ပြော​ဆို​နေ​ပါ​သည်။

တ​မန်​တော်​ဝတ္ထု 6