တ​မန်​တော်​ဝတ္ထု 6:1-9 Myanmar Standard Bible (MSB)

1. ထို​နေ့​ရက်​များ​၌ တ​ပည့်​တော်​များ​တိုး​ပွား​လာ​ရာ ဂ​ရိ​စ​ကား​ကို​ပြော​သော​ဂျူး​လူ​မျိုး​တို့​က မိ​မိ​တို့​ထဲ​မှ​မု​ဆိုး​မ​များ​သည် နေ့​စဉ်​ထောက်​ပံ့​ခြင်း​အ​မှု​တွင် လျစ်​လျူ​ရှု​ခံ​ရ​သည်​ဟု ဟေ​ဗြဲ​စ​ကား​ကို​ပြော​သော​ဂျူး​လူ​မျိုး​တို့​အ​ပေါ် ပြစ်​တင်​ပြော​ဆို​ကြ​၏။

2. ထို​အ​ခါ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​သည် တ​ပည့်​တော်​အ​စု​အ​ဝေး​ကို​ခေါ်​ပြီး​လျှင် “ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို​ပစ်​ထား​၍ ကျွေး​မွေး​ခြင်း​အ​မှု​ကို​မ​ဆောင်​ရွက်​သင့်​ပေ။

3. ထို့​ကြောင့် ညီ​အစ်​ကို​တို့၊ သင်​တို့​ထဲ​မှ ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ဉာဏ်​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​၍ ဂုဏ်​သ​တင်း​ကောင်း​သော​လူ​ခု​နစ်​ဦး​ကို ရှာ​ကြ​လော့။ ငါ​တို့​သည် ထို​သူ​တို့​ကို ဤ​တာ​ဝန်​အ​တွက်​ခန့်​ထား​မည်။

4. ငါ​တို့​မူ​ကား ဆု​တောင်း​ခြင်း​နှင့် နှုတ်​က​ပတ်​တော်​ဟော​ပြော​ခြင်း​အ​မှု​တို့​ကို အ​စဉ်​တ​စိုက်​ပြု​ကြ​မည်”​ဟု ဆို​ကြ​၏။

5. ထို​စ​ကား​ကို အ​စု​အ​ဝေး​တစ်​ခု​လုံး​နှစ်​သက်​သ​ဖြင့် သူ​တို့​သည် ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​ဝ​သော သ​တေ​ဖန်​မှ​စ​၍ ဖိ​လိပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န​နှင့် အန္တိ​အုတ်​မြို့​မှ​ဂျူး​ဘာ​သာ​ဝင်​ဖြစ်​လာ​သူ နိ​ကော​လ​တို့​ကို ရွေး​ကောက်​ပြီး

6. သူ​တို့​ကို တ​မန်​တော်​တို့​ရှေ့​၌​ရပ်​စေ​ကြ​၏။ ထို​အ​ခါ တ​မန်​တော်​တို့​သည် ဆု​တောင်း​လျက် သူ​တို့​အ​ပေါ်​လက်​တင်​ကြ​၏။

7. ဤ​သို့​ဖြင့် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​သည်​ပျံ့​နှံ့​သွား​၍ ဂျေ​ရု​ဆ​လင်​မြို့​၌ တ​ပည့်​တော်​တို့​၏​အ​ရေ​အ​တွက်​သည် အ​လွန်​တိုး​ပွား​လာ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​စု​အ​ဝေး​ကြီး​သည်​လည်း ယုံ​ကြည်​ခြင်း​တ​ရား​ကို​နာ​ခံ​လာ​ကြ​၏။

8. သ​တေ​ဖန်​သည် ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​နှင့်​လည်း​ကောင်း ပြည့်​ဝ​လျက် ကြီး​စွာ​သော​နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​သြ​ဖွယ်​ရာ​များ​ကို လူ​တို့​ရှေ့​တွင်​ပြု​လေ​၏။

9. ထို​အ​ခါ ‘လိ​ဗေ​ရ​တိန်’​ဟု အ​မည်​တွင်​သည့် ဝတ်​ပြု​စည်း​ဝေး​ကျောင်း​မှ လူ​အ​ချို့​ဖြစ်​ကြ​သော ကု​ရေ​နေ​မြို့​သား​များ၊ အ​လက်​ဇန္ဒြိ​ယ​မြို့​သား​များ​မှ​စ​၍ ဆီ​လီ​ဆီး​ယား​ပြည်​နှင့် အာ​ရှ​ပြည်​တို့​မှ​လာ​သော​သူ​တို့​သည် ထ​၍ သ​တေ​ဖန်​နှင့်​ငြင်း​ခုံ​ပြော​ဆို​ကြ​၏။

တ​မန်​တော်​ဝတ္ထု 6