တ​မန်​တော်​ဝတ္ထု 5:26-38 Myanmar Standard Bible (MSB)

26. ထို​အ​ခါ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​သွား​၍ တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် လူ​တို့​သည် မိ​မိ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​ကို​စိုး​ရိမ်​သ​ဖြင့် အ​နိုင်​အ​ထက်​မ​ပြု​ဘဲ

27. သူ​တို့​ကို​ခေါ်​ဆောင်​လာ​ကြ​၏။ တ​မန်​တော်​တို့​သည် တ​ရား​လွှတ်​တော်​ရှေ့​၌​ရပ်​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​က

28. “ဤ​နာ​မ​ကို​အ​မှီ​ပြု​၍ မ​သွန်​သင်​ကြ​ရန် သင်​တို့​အား တင်း​ကျပ်​စွာ​အ​မိန့်​ပေး​ထား​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် သင်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ သင်​တို့​၏​သွန်​သင်​ချက်​ကို​ပျံ့​နှံ့​စေ​၍ ထို​သူ​၏​သွေး​ကို ငါ​တို့​အ​ပေါ်​သက်​ရောက်​စေ​ရန် ကြံ​ရွယ်​ကြ​သည်​တ​ကား”​ဟု မေး​မြန်း​ပြော​ဆို​လေ​၏။

29. သို့​သော် ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က “လူ​တို့​၏​စ​ကား​ကို နား​ထောင်​သည်​ထက် ဘု​ရား​သ​ခင်​၏​စ​ကား​ကို နား​ထောင်​သင့်​ပါ​၏။

30. ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် သစ်​တိုင်​ပေါ်​၌ သင်​တို့​ဆွဲ​ထား​၍ ကွပ်​မျက်​ခဲ့​သော​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​၏။

31. ဘု​ရား​သ​ခင်​သည် အစ္စ​ရေး​လူ​မျိုး​တို့​အား နောင်​တ​ရ​ခြင်း​နှင့်​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို ပေး​သ​နား​တော်​မူ​ရန် ထို​အ​ရှင်​ကို စိုး​ပိုင်​သော​အ​ရှင်​နှင့် ကယ်​တင်​ရှင်​အ​ဖြစ် မိ​မိ​လက်​ယာ​တော်​ဘက်​၌ ချီး​မြှောက်​တော်​မူ​၏။

32. ငါ​တို့​သည် ဤ​အ​ကြောင်း​အ​ရာ​တို့​၏​သက်​သေ​များ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် မိ​မိ​စ​ကား​ကို​နား​ထောင်​သော​သူ​တို့​အား ပေး​တော်​မူ​သည့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​လည်း သက်​သေ​ဖြစ်​တော်​မူ​၏”​ဟု ပြန်​ဖြေ​ကြ​၏။

33. သူ​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် ပြင်း​စွာ​အ​မျက်​ထွက်​လျက် တ​မန်​တော်​တို့​ကို​သတ်​ရန် ကြံ​ရွယ်​ကြ​၏။

34. သို့​သော် လူ​အား​လုံး​က ရို​သေ​လေး​စား​သော​ကျမ်း​တတ်​ဆ​ရာ​ဖြစ်​သည့် ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​တစ်​ဦး​သည် တ​ရား​လွှတ်​တော်​၌​ထ​၍ တ​မန်​တော်​တို့​ကို အ​ပြင်​သို့​ခ​ဏ​ခေါ်​ထုတ်​သွား​ရန် အ​မိန့်​ပေး​ပြီး​လျှင်

35. “အစ္စ​ရေး​အ​မျိုး​သား​တို့၊ ဤ​သူ​တို့​အ​ပေါ်​မည်​သို့​ပြု​မည်​ကို သင်​တို့​သ​တိ​ထား​ကြ​လော့။

36. အ​ကြောင်း​မူ​ကား တစ်​ခါ​က သု​ဒ​သည်​ပေါ်​လာ​၍ မိ​မိ​ကိုယ်​ကို​အ​ရေး​ပါ​သူ​ဖြစ်​သည်​ဟု​ဆို​သ​ဖြင့် အ​ရေ​အ​တွက်​အား​ဖြင့် လေး​ရာ​ခန့်​ရှိ​သော​သူ​တို့​သည် သူ့​နောက်​သို့​လိုက်​ခဲ့​ကြ​၏။ သို့​သော် သူ​သည် အ​သတ်​ခံ​ရ​ပြီး သူ့​နောက်​သို့​လိုက်​သော​သူ​အား​လုံး​တို့​သည် တ​ကွဲ​တ​ပြား​ဖြစ်​ကြ​လျက် မည်​သို့​မျှ​အ​ရာ​မ​ထင်​ခဲ့​ချေ။

37. ထို​သူ​၏​နောက်​တွင် သန်း​ခေါင်​စာ​ရင်း​ကောက်​ချိန်​၌ ဂါ​လိ​လဲ​နယ်​သား ယု​ဒ​သည်​ပေါ်​လာ​၍ မိ​မိ​နောက်​သို့​လိုက်​ကြ​ရန် လူ​တို့​ကို​သွေး​ဆောင်​ခဲ့​၏။ သူ​သည်​လည်း အ​သတ်​ခံ​ရ​၍ သူ့​နောက်​သို့​လိုက်​သော​သူ​အား​လုံး​တို့​သည်​လည်း ကွဲ​လွင့်​သွား​ကြ​၏။

38. သို့​ဖြစ်​၍ ယ​ခု သင်​တို့​အား ငါ​ပြော​မည်။ ဤ​သူ​တို့​နှင့် ကင်း​ရှင်း​စွာ​နေ​၍ သူ​တို့​ကို​လွှတ်​ထား​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော် ဤ​အ​ကြံ​အ​စည် သို့​မ​ဟုတ် ဤ​လှုပ်​ရှား​မှု​သည် လူ​တို့​ထံ​မှ​ဖြစ်​လျှင် ပျက်​စီး​သွား​လိမ့်​မည်။

တ​မန်​တော်​ဝတ္ထု 5