21. တမန်တော်တို့သည်လည်းကြားလျှင် အရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်၍ သွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် ရောက်လာကြသောအခါ တရားလွှတ်တော်နှင့် အစ္စရေးအမျိုးသားတို့၏ လူကြီးအဖွဲ့အားလုံးတို့ကို စုရုံးစေပြီးလျှင် တမန်တော်တို့ကိုခေါ်လာရန် အစောင့်တပ်သားတို့ကို ထောင်ခန်းသို့စေလွှတ်လိုက်ကြ၏။
22. သို့သော် အစောင့်တပ်သားတို့သည် ရောက်သွားသောအခါ တမန်တော်တို့ကို ထောင်ထဲ၌မတွေ့ရချေ။ ထိုအခါ သူတို့သည်ပြန်လာ၍
23. “ထောင်ခန်းကို မြဲမြံလုံခြုံစွာပိတ်ထားလျက် အစောင့်များလည်း တံခါးရှေ့၌ရပ်နေကြသည်ကို အကျွန်ုပ်တို့တွေ့ရပါ၏။ သို့သော် ဖွင့်ကြည့်လိုက်သောအခါ အထဲ၌ မည်သူ့ကိုမျှမတွေ့ရပါ”ဟု သတင်းပို့ကြ၏။
24. ဗိမာန်တော်အစောင့်တပ်မှူးနှင့်ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုစကားကိုကြားလျှင် ဤအမှုသည် မည်သို့ဖြစ်လိမ့်မည်နည်းဟု တမန်တော်တို့နှင့်ပတ်သက်၍ ဝေခွဲမရဖြစ်ကြလေ၏။
25. ထိုအချိန်တွင် လူတစ်ဦးသည်ရောက်လာ၍ “ထောင်ထဲ၌ သင်တို့ချထားသောသူတို့သည် ဗိမာန်တော်ထဲ၌ရပ်လျက် လူတို့ကို သွန်သင်နေကြပါသည်”ဟု သတင်းပို့လေ၏။
26. ထိုအခါ ဗိမာန်တော်အစောင့်တပ်မှူးသည် အစောင့်တပ်သားများနှင့်အတူသွား၍ တမန်တော်တို့ကိုခေါ်ဆောင်လာကြ၏။ သို့သော် လူတို့သည် မိမိတို့ကို ခဲနှင့်ပေါက်သတ်ကြမည်ကိုစိုးရိမ်သဖြင့် အနိုင်အထက်မပြုဘဲ
27. သူတို့ကိုခေါ်ဆောင်လာကြ၏။ တမန်တော်တို့သည် တရားလွှတ်တော်ရှေ့၌ရပ်ကြသောအခါ ယဇ်ပုရောဟိတ်မင်းက
28. “ဤနာမကိုအမှီပြု၍ မသွန်သင်ကြရန် သင်တို့အား တင်းကျပ်စွာအမိန့်ပေးထားသည်မဟုတ်လော။ သို့ရာတွင် သင်တို့သည် ဂျေရုဆလင်မြို့၌ သင်တို့၏သွန်သင်ချက်ကိုပျံ့နှံ့စေ၍ ထိုသူ၏သွေးကို ငါတို့အပေါ်သက်ရောက်စေရန် ကြံရွယ်ကြသည်တကား”ဟု မေးမြန်းပြောဆိုလေ၏။
29. သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။