တ​မန်​တော်​ဝတ္ထု 5:19-31 Myanmar Standard Bible (MSB)

19. သို့​သော် ည​အ​ခါ​တွင် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ထောင်​တံ​ခါး​များ​ကို​ဖွင့်​၍ တ​မန်​တော်​တို့​ကို​ခေါ်​ထုတ်​ပြီး​လျှင်

20. “သွား​၍ ဗိ​မာန်​တော်​ထဲ​၌​ရပ်​လျက် ဤ​အ​သက်​ရှင်​ခြင်း​နှင့်​ဆိုင်​သော တ​ရား​စ​ကား​အ​လုံး​စုံ​တို့​ကို လူ​တို့​အား​ဟော​ပြော​ကြ​လော့”​ဟု ဆို​၏။

21. တ​မန်​တော်​တို့​သည်​လည်း​ကြား​လျှင် အ​ရုဏ်​တက်​ချိန်​၌ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍ သွန်​သင်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့် သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် ရောက်​လာ​ကြ​သော​အ​ခါ တ​ရား​လွှတ်​တော်​နှင့် အစ္စ​ရေး​အ​မျိုး​သား​တို့​၏ လူ​ကြီး​အ​ဖွဲ့​အား​လုံး​တို့​ကို စု​ရုံး​စေ​ပြီး​လျှင် တ​မန်​တော်​တို့​ကို​ခေါ်​လာ​ရန် အ​စောင့်​တပ်​သား​တို့​ကို ထောင်​ခန်း​သို့​စေ​လွှတ်​လိုက်​ကြ​၏။

22. သို့​သော် အ​စောင့်​တပ်​သား​တို့​သည် ရောက်​သွား​သော​အ​ခါ တ​မန်​တော်​တို့​ကို ထောင်​ထဲ​၌​မ​တွေ့​ရ​ချေ။ ထို​အ​ခါ သူ​တို့​သည်​ပြန်​လာ​၍

23. “ထောင်​ခန်း​ကို မြဲ​မြံ​လုံ​ခြုံ​စွာ​ပိတ်​ထား​လျက် အ​စောင့်​များ​လည်း တံ​ခါး​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို အ​ကျွန်ုပ်​တို့​တွေ့​ရ​ပါ​၏။ သို့​သော် ဖွင့်​ကြည့်​လိုက်​သော​အ​ခါ အ​ထဲ​၌ မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ”​ဟု သ​တင်း​ပို့​ကြ​၏။

24. ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့်​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် ထို​စ​ကား​ကို​ကြား​လျှင် ဤ​အ​မှု​သည် မည်​သို့​ဖြစ်​လိမ့်​မည်​နည်း​ဟု တ​မန်​တော်​တို့​နှင့်​ပတ်​သက်​၍ ဝေ​ခွဲ​မ​ရ​ဖြစ်​ကြ​လေ​၏။

25. ထို​အ​ချိန်​တွင် လူ​တစ်​ဦး​သည်​ရောက်​လာ​၍ “ထောင်​ထဲ​၌ သင်​တို့​ချ​ထား​သော​သူ​တို့​သည် ဗိ​မာန်​တော်​ထဲ​၌​ရပ်​လျက် လူ​တို့​ကို သွန်​သင်​နေ​ကြ​ပါ​သည်”​ဟု သ​တင်း​ပို့​လေ​၏။

26. ထို​အ​ခါ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် အ​စောင့်​တပ်​သား​များ​နှင့်​အ​တူ​သွား​၍ တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ကြ​၏။ သို့​သော် လူ​တို့​သည် မိ​မိ​တို့​ကို ခဲ​နှင့်​ပေါက်​သတ်​ကြ​မည်​ကို​စိုး​ရိမ်​သ​ဖြင့် အ​နိုင်​အ​ထက်​မ​ပြု​ဘဲ

27. သူ​တို့​ကို​ခေါ်​ဆောင်​လာ​ကြ​၏။ တ​မန်​တော်​တို့​သည် တ​ရား​လွှတ်​တော်​ရှေ့​၌​ရပ်​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​က

28. “ဤ​နာ​မ​ကို​အ​မှီ​ပြု​၍ မ​သွန်​သင်​ကြ​ရန် သင်​တို့​အား တင်း​ကျပ်​စွာ​အ​မိန့်​ပေး​ထား​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင် သင်​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌ သင်​တို့​၏​သွန်​သင်​ချက်​ကို​ပျံ့​နှံ့​စေ​၍ ထို​သူ​၏​သွေး​ကို ငါ​တို့​အ​ပေါ်​သက်​ရောက်​စေ​ရန် ကြံ​ရွယ်​ကြ​သည်​တ​ကား”​ဟု မေး​မြန်း​ပြော​ဆို​လေ​၏။

29. သို့​သော် ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က “လူ​တို့​၏​စ​ကား​ကို နား​ထောင်​သည်​ထက် ဘု​ရား​သ​ခင်​၏​စ​ကား​ကို နား​ထောင်​သင့်​ပါ​၏။

30. ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် သစ်​တိုင်​ပေါ်​၌ သင်​တို့​ဆွဲ​ထား​၍ ကွပ်​မျက်​ခဲ့​သော​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​၏။

31. ဘု​ရား​သ​ခင်​သည် အစ္စ​ရေး​လူ​မျိုး​တို့​အား နောင်​တ​ရ​ခြင်း​နှင့်​အ​ပြစ်​များ​ခွင့်​လွှတ်​ခြင်း​ကျေး​ဇူး​ကို ပေး​သ​နား​တော်​မူ​ရန် ထို​အ​ရှင်​ကို စိုး​ပိုင်​သော​အ​ရှင်​နှင့် ကယ်​တင်​ရှင်​အ​ဖြစ် မိ​မိ​လက်​ယာ​တော်​ဘက်​၌ ချီး​မြှောက်​တော်​မူ​၏။

တ​မန်​တော်​ဝတ္ထု 5