တ​မန်​တော်​ဝတ္ထု 5:1-17 Myanmar Standard Bible (MSB)

1. သို့​သော် အာ​န​နိ​အ​မည်​ရှိ​သော​လူ​တစ်​ဦး​သည် သူ​၏​ဇ​နီး ရှ​ဖိ​ရေ​နှင့်​အ​တူ ဥစ္စာ​ပစ္စည်း​ကို​ရောင်း​ပြီး​လျှင်

2. ဇ​နီး​သည်​နှင့်​သ​ဘော​တူ​လျက် အ​ဖိုး​ငွေ​ထဲ​မှ​အ​ချို့​ကို ထိမ်​ချန်​ထား​ကာ အ​ချို့​သော​ငွေ​ကို​သာ​ယူ​ဆောင်​လာ​၍ တ​မန်​တော်​တို့​၏​ခြေ​ရင်း​၌​ထား​လေ​၏။

3. ထို​အ​ခါ ပေ​တ​ရု​က “အာ​န​နိ၊ သင်​သည် အ​ဘယ်​ကြောင့် စာ​တန်​အား သင်​၏​စိတ်​နှ​လုံး​ကို​အုပ်​စိုး​ခွင့်​ပေး​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​လိမ်​ညာ​ကာ မြေ​ဖိုး​ထဲ​မှ​အ​ချို့​ကို ထိမ်​ချန်​ထား​သ​နည်း။

4. ထို​မြေ​သည် သင့်​လက်​ထဲ​၌​ရှိ​စဉ် သင်​ပိုင်​သည်​မ​ဟုတ်​လော။ ရောင်း​ပြီး​သော​အ​ခါ​၌​လည်း ရ​ရှိ​သော​ငွေ​ကို သင်​အ​လို​ရှိ​သည့်​အ​တိုင်း ပြု​နိုင်​သည်​မ​ဟုတ်​လော။ သို့​ဖြစ်​ပါ​လျက်​နှင့် သင့်​စိတ်​နှ​လုံး​ထဲ​၌ ဤ​အ​မှု​ကို အ​ဘယ်​ကြောင့်​ကြံ​စည်​ရ​သ​နည်း။ သင်​သည် လူ​ကို​လိမ်​ညာ​သည်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ကို​လိမ်​ညာ​လေ​ပြီ”​ဟု ဆို​၏။

5. အာ​န​နိ​သည် ထို​စ​ကား​တို့​ကို​ကြား​လျှင် လဲ​၍​သေ​ဆုံး​လေ​၏။ ထို​အ​ခြင်း​အ​ရာ​ကို ကြား​ရ​သော​သူ​အား​လုံး​တို့​သည် အ​လွန်​ကြောက်​ရွံ့​သွား​ကြ​၏။

6. ထို့​နောက် လူ​ငယ်​တို့​သည်​ဝင်​လာ​၍ သူ​၏​အ​လောင်း​ကို အ​ဝတ်​နှင့်​ပတ်​ရစ်​ပြီး​လျှင် သယ်​ဆောင်​သွား​လျက် သင်္ဂြိုဟ်​ကြ​လေ​၏။

7. သုံး​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ အာ​န​နိ​၏​ဇ​နီး​သည် ဖြစ်​ပျက်​ခဲ့​သော​အ​ကြောင်း​အ​ရာ​ကို​မ​သိ​ဘဲ ဝင်​လာ​၏။

8. ထို​အ​ခါ ပေ​တ​ရု​က သူ့​အား “သင်​တို့​သည် ထို​မြေ​ကွက်​ကို ဤ​မျှ​နှင့်​ရောင်း​ခဲ့​သည်​မှာ ဟုတ်​မ​ဟုတ် ငါ့​အား​ပြော​လော့”​ဟု မေး​လေ​သော် သူ​က “ဟုတ်​ပါ​၏။ ဤ​မျှ​နှင့်​ရောင်း​ခဲ့​ပါ​၏”​ဟု ဆို​၏။

9. ပေ​တ​ရု​က​လည်း “သင်​တို့​သည် အ​ဘယ်​ကြောင့် သ​ဘော​တူ​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ကို​စမ်း​သပ်​ကြ​သ​နည်း။ ကြည့်​ရှု​လော့။ သင်​၏​ခင်​ပွန်း​ကို သင်္ဂြိုဟ်​ခဲ့​သော​သူ​တို့​၏​ခြေ​လှမ်း​များ​သည် တံ​ခါး​နား​သို့​ရောက်​နေ​ကြ​ပြီ။ သူ​တို့​သည် သင့်​ကို​လည်း သယ်​ဆောင်​သွား​ကြ​လိမ့်​မည်”​ဟု ဆို​လေ​၏။

10. ထို​ခ​ဏ​ချင်း​တွင် သူ​သည် ပေ​တ​ရု​၏​ခြေ​ရင်း​၌ လဲ​၍​သေ​ဆုံး​လေ​၏။ လူ​ငယ်​များ​သည်​လည်း ဝင်​လာ​၍ သေ​ဆုံး​နေ​သော​ထို​အ​မျိုး​သ​မီး​ကို​တွေ့​လျှင် သယ်​ဆောင်​သွား​ကာ သူ​၏​ခင်​ပွန်း​အ​နား​၌ သင်္ဂြိုဟ်​ကြ​၏။

11. အ​သင်း​တော်​တစ်​ခု​လုံး​မှ​စ​၍ ထို​အ​ကြောင်း​ကို​ကြား​ရ​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​လွန်​ကြောက်​ရွံ့​သွား​ကြ​၏။

12. တ​မန်​တော်​တို့​သည် များ​စွာ​သော​နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​တို့​ကို လူ​တို့​အ​လယ်​တွင်​ပြု​ကြ​၏။ သူ​တို့​အား​လုံး​သည် ရှော​လ​မုန်​မုခ်​ဆောင်​၌ တစ်​စု​တစ်​ဝေး​တည်း​နေ​ကြ​၏။

13. အ​ခြား​သော​သူ​တို့​မူ​ကား သူ​တို့​နှင့်​အ​တူ မ​ပေါင်း​ဖော်​ဝံ့​ကြ​ချေ။ သို့​သော် လူ​တို့​သည် သူ​တို့​ကို​ချီး​မွမ်း​ကြ​၏။

14. သ​ခင်​ဘု​ရား​ကို​ယုံ​ကြည်​သူ အ​မျိုး​သား၊ အ​မျိုး​သ​မီး​တို့​သည်​လည်း ပို​၍​များ​စွာ​တိုး​ပွား​လာ​ကြ​၏။

15. လူ​တို့​သည် နာ​မ​ကျန်း​ဖြစ်​သူ​များ​ကို လမ်း​မ​ပေါ်​သို့​သယ်​ဆောင်​လာ​၍ ခု​တင်​များ​နှင့် အိပ်​ရာ​များ​ပေါ်​တွင် ထား​ကြ​ကာ ပေ​တ​ရု​လာ​သော​အ​ခါ သူ​၏​အ​ရိပ်​ကို​ပင် ထို​လူ​နာ​အ​ချို့​တို့​အ​ပေါ်​သို့​ကျ​ရောက်​စေ​ရန် ကြိုး​စား​ကြ​၏။

16. ဂျေ​ရု​ဆ​လင်​မြို့​ပတ်​ဝန်း​ကျင်​ရှိ မြို့​များ​မှ များ​စွာ​သော​လူ​တို့​သည်​လည်း နာ​မ​ကျန်း​ဖြစ်​သူ​များ​နှင့် ညစ်​ညူး​သော​နတ်​ပူး​ဝင်​နေ​သူ​များ​ကို ခေါ်​ဆောင်​လာ​၍ စု​ဝေး​လာ​ကြ​ရာ ထို​သူ​အ​ပေါင်း​တို့​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​ကြ​၏။

17. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ​၍ သူ​၏​အ​ပေါင်း​အ​ဖော်​များ​ဖြစ်​ကြ​သော ဇဒ္ဒု​ကဲ​ဂိုဏ်း​ဝင်​သူ​အား​လုံး​တို့​သည် မ​နာ​လို​စိတ်​နှင့်​ပြည့်​ကြ​၍ ထ​လျက်

တ​မန်​တော်​ဝတ္ထု 5