3. တမန်တော်တို့ကိုဖမ်းဆီးကာ မိုးချုပ်ပြီဖြစ်သဖြင့် နောက်တစ်နေ့တိုင်အောင် အချုပ်ထောင်ထဲ၌ထည့်ထားကြ၏။
4. သို့သော် နှုတ်ကပတ်တရားကို ကြားနာသူများစွာတို့သည် ယုံကြည်ကြရာ ယောက်ျားအရေအတွက် ငါးထောင်ခန့်မျှဖြစ်လာလေ၏။
5. နောက်တစ်နေ့၌ သူတို့၏အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းပြုဆရာတို့သည် ဂျေရုဆလင်မြို့၌စုဝေးကြ၏။
6. ယဇ်ပုရောဟိတ်မင်းအန္နတ်၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒြားမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုးရှိသမျှတို့လည်းပါဝင်ကြ၏။
7. သူတို့သည် ပေတရုနှင့်ယောဟန်တို့ကို အားလုံးရှေ့၌ရပ်စေပြီးလျှင် “သင်တို့သည် မည်သည့်အာဏာ၊ မည်သည့်နာမဖြင့် ဤအမှုကို ပြုကြသနည်း”ဟု မေးမြန်းကြ၏။
8. ထိုအခါ ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် “လူတို့၏အကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့၊
9. ယနေ့ အကျွန်ုပ်တို့သည် အားနည်းသောသူတစ်ဦးအပေါ် ကောင်းကျိုးပြုခဲ့သည့်အကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဤသူသည် မည်ကဲ့သို့အကောင်းပကတိဖြစ်လာသနည်းဟူသည့်အကြောင်းနှင့်ပတ်သက်၍လည်းကောင်း စစ်ဆေးခြင်းခံရသည်ဆိုလျှင်
10. သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။
11. ထိုအရှင်သည် တိုက်ဆောက်သူများတည်းဟူသောသင်တို့က ပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်ဖြစ်၏။
12. ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။
13. ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
14. ထို့ပြင် အကောင်းပကတိဖြစ်လာသောသူသည် သူတို့နှင့်အတူရပ်နေသည်ကိုမြင်နေရသဖြင့် မည်သို့မျှငြင်းခုံပြောဆို၍မရနိုင်ကြချေ။
15. ထိုအခါ သူတို့သည် တမန်တော်တို့ကို တရားလွှတ်တော်ရုံးအပြင်သို့ထွက်ရန်အမိန့်ပေးပြီးလျှင် အချင်းချင်းဆွေးနွေးလျက်