28. ကိုယ်တော်၏လက်တော်နှင့်အကြံအစည်တော်တို့အားဖြင့် ဖြစ်ပျက်လာရန်ကြိုတင်သတ်မှတ်ထားသမျှသောအရာတို့ကို ပြုခဲ့ကြပါပြီ။
29. ထာဝရဘုရား၊ ယခု သူတို့၏ခြိမ်းခြောက်မှုများကို သတိမူလျက် ကိုယ်တော်၏အစေအပါးတို့အား နှုတ်ကပတ်တရားကိုရဲရင့်ခြင်းအပြည့်အဝဖြင့်ဟောပြောရသောအခွင့်ကိုပေးတော်မူပါ။
30. တစ်ချိန်တည်းမှာပင် အနာရောဂါများကိုငြိမ်းစေရန် ကိုယ်တော်၏လက်တော်ကိုဆန့်တန်း၍ ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှု၏နာမတော်ဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကိုပြုခွင့်ပေးတော်မူပါ”ဟု ဆုတောင်းကြ၏။
31. ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။