တ​မန်​တော်​ဝတ္ထု 4:19-31 Myanmar Standard Bible (MSB)

19. သို့​သော် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က “ဘု​ရား​သ​ခင်​၏​စ​ကား​တော်​ထက် သင်​တို့​၏​စ​ကား​ကို ပို​၍​နား​ထောင်​ခြင်း​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မှန်​မ​မှန် သင်​တို့​ဆုံး​ဖြတ်​ကြ​လော့။

20. အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​ကြား​ရ၊ မြင်​ရ​သော​အ​ရာ​တို့​ကို မ​ဟော​ပြော​ဘဲ​မ​နေ​နိုင်”​ဟု သူ​တို့​အား ပြန်​ပြော​ကြ​၏။

21. လူ​အား​လုံး​တို့​သည် ဖြစ်​ပျက်​ခဲ့​သော​အ​မှု​အ​ရာ​အ​တွက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​နေ​ကြ​သည်​ဖြစ်​၍ ထို​လူ​တို့​ကြောင့် တ​မန်​တော်​တို့​အား အ​ပြစ်​ဒဏ်​ပေး​နိုင်​မည့်​နည်း​လမ်း​ကို ရှာ​မ​တွေ့​သ​ဖြင့် သူ​တို့​သည် တ​မန်​တော်​တို့​ကို ထပ်​မံ​ခြိမ်း​ခြောက်​ပြီး​လျှင် ပြန်​လွှတ်​လိုက်​ကြ​၏

22. ဤ​နိ​မိတ်​လက္ခ​ဏာ​အား​ဖြင့် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​၏။

23. တ​မန်​တော်​တို့​သည် လွတ်​လာ​ကြ​သော​အ​ခါ မိ​မိ​တို့​အ​ပေါင်း​အ​ဖော်​များ​ရှိ​ရာ​သို့ ပြန်​လာ​၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​က မိ​မိ​တို့​အား​ပြော​သ​မျှ​တို့​ကို ပြန်​ပြော​ပြ​ကြ​၏။

24. ထို​သူ​တို့​သည်​လည်း ကြား​ကြ​လျှင် တ​ညီ​တ​ညွတ်​တည်း​ဖြင့် ဘု​ရား​သ​ခင်​ထံ အ​သံ​ကို​လွှင့်​၍ “စိုး​ပိုင်​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​သည် ကောင်း​ကင်၊ မြေ​ကြီး​နှင့် ပင်​လယ်​သ​မုဒ္ဒ​ရာ​မှ​စ​၍ ၎င်း​တို့​၌​ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။

25. ကိုယ်​တော်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​ဖြစ်​သော ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​နှုတ်​မှ​တစ်​ဆင့် ‘တိုင်း​နိုင်​ငံ​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ကြ​သ​နည်း။ လူ​တို့​သည်​လည်း အ​ဘယ်​ကြောင့် အ​ချည်း​နှီး​သော​အ​ရာ​များ​ကို​ကြံ​စည်​ကြ​သ​နည်း။

26. ကမ္ဘာ​မြေ​ကြီး​၏​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ​၍ အုပ်​ချုပ်​သူ​တို့​သည် အ​တူ​တ​ကွ​စု​ဝေး​ကြ​ကာ ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်​၏​ခ​ရစ်​တော်​ကို ဆန့်​ကျင်​ကြ​၏’​ဟု မိန့်​တော်​မူ​ခဲ့​၏။

27. အ​မှန်​ပင် ဟေ​ရုဒ်​နှင့်​ပုန္တိ​ပိ​လတ်​တို့​သည် လူ​မျိုး​ခြား​မှ​စ​၍ အစ္စ​ရေး​လူ​မျိုး​တို့​နှင့်​ပေါင်း​ဖော်​ပြီး ကိုယ်​တော်​ဘိ​သိက်​ပေး​တော်​မူ​သည့် ကိုယ်​တော်​၏​သန့်​ရှင်း​သော​အ​မှု​ဆောင်​ယေ​ရှု​ကို ဆန့်​ကျင်​လျက် ဤ​မြို့​တွင်​စု​ဝေး​ကြ​ကာ

28. ကိုယ်​တော်​၏​လက်​တော်​နှင့်​အ​ကြံ​အ​စည်​တော်​တို့​အား​ဖြင့် ဖြစ်​ပျက်​လာ​ရန်​ကြို​တင်​သတ်​မှတ်​ထား​သ​မျှ​သော​အ​ရာ​တို့​ကို ပြု​ခဲ့​ကြ​ပါ​ပြီ။

29. ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု သူ​တို့​၏​ခြိမ်း​ခြောက်​မှု​များ​ကို သ​တိ​မူ​လျက် ကိုယ်​တော်​၏​အ​စေ​အ​ပါး​တို့​အား နှုတ်​က​ပတ်​တ​ရား​ကို​ရဲ​ရင့်​ခြင်း​အ​ပြည့်​အ​ဝ​ဖြင့်​ဟော​ပြော​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။

30. တစ်​ချိန်​တည်း​မှာ​ပင် အ​နာ​ရော​ဂါ​များ​ကို​ငြိမ်း​စေ​ရန် ကိုယ်​တော်​၏​လက်​တော်​ကို​ဆန့်​တန်း​၍ ကိုယ်​တော်​၏​သန့်​ရှင်း​သော​အ​မှု​ဆောင်​ယေ​ရှု​၏​နာ​မ​တော်​ဖြင့် နိ​မိတ်​လက္ခ​ဏာ​များ​နှင့် အံ့​ဩ​ဖွယ်​ရာ​များ​ကို​ပြု​ခွင့်​ပေး​တော်​မူ​ပါ”​ဟု ဆု​တောင်း​ကြ​၏။

31. ထို​သို့ သူ​တို့​ဆု​တောင်း​ပြီး​သော​အ​ခါ သူ​တို့​စု​ဝေး​နေ​ကြ​သော​နေ​ရာ​သည် တုန်​လှုပ်​၍ သူ​တို့​အား​လုံး​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​ကို ရဲ​ရင့်​စွာ​ဟော​ပြော​ကြ​၏။

တ​မန်​တော်​ဝတ္ထု 4