14. ထို့ပြင် အကောင်းပကတိဖြစ်လာသောသူသည် သူတို့နှင့်အတူရပ်နေသည်ကိုမြင်နေရသဖြင့် မည်သို့မျှငြင်းခုံပြောဆို၍မရနိုင်ကြချေ။
15. ထိုအခါ သူတို့သည် တမန်တော်တို့ကို တရားလွှတ်တော်ရုံးအပြင်သို့ထွက်ရန်အမိန့်ပေးပြီးလျှင် အချင်းချင်းဆွေးနွေးလျက်
16. “ဤသူတို့ကို မည်သို့ပြုကြမည်နည်း။ အကြောင်းမူကား သူတို့အားဖြင့် သိသာထင်ရှားသောနိမိတ်လက္ခဏာဖြစ်ပျက်ခဲ့သည်ကို ဂျေရုဆလင်မြို့၌နေထိုင်သူအားလုံးသိရှိကြသည်ဖြစ်၍ ငါတို့ငြင်းဆို၍မရနိုင်။
17. သို့သော် ဤအကြောင်းသည် လူတို့ထံ ပို၍ပျံ့နှံ့မသွားစေရန် ဤနာမကိုအမှီပြုလျက် နောက်တစ်ဖန် မည်သူ့ကိုမျှမဟောပြောရမည့်အကြောင်း သူတို့ကိုခြိမ်းခြောက်ကြစို့”ဟု ဆိုကြ၏။
18. ထို့နောက် တမန်တော်တို့ကိုခေါ်၍ ယေရှု၏နာမကိုအမှီပြုလျက် ဟောပြောခြင်းကိုဖြစ်စေ၊ သွန်သင်ခြင်းကိုဖြစ်စေ လုံးဝမပြုရန် အမိန့်ပေးကြ၏။
19. သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်မမှန် သင်တို့ဆုံးဖြတ်ကြလော့။
20. အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
21. လူအားလုံးတို့သည် ဖြစ်ပျက်ခဲ့သောအမှုအရာအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းနေကြသည်ဖြစ်၍ ထိုလူတို့ကြောင့် တမန်တော်တို့အား အပြစ်ဒဏ်ပေးနိုင်မည့်နည်းလမ်းကို ရှာမတွေ့သဖြင့် သူတို့သည် တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်ပြီးလျှင် ပြန်လွှတ်လိုက်ကြ၏
22. ဤနိမိတ်လက္ခဏာအားဖြင့် အကောင်းပကတိဖြစ်လာသောသူသည် အသက်လေးဆယ်ကျော်ရှိ၏။