တ​မန်​တော်​ဝတ္ထု 4:12-23 Myanmar Standard Bible (MSB)

12. ကယ်​တင်​ခြင်း​သည် အ​ခြား​မည်​သူ​၌​မျှ​မ​ရှိ။ အ​ကြောင်း​မူ​ကား ထို​နာ​မ​မှ​တစ်​ပါး ငါ​တို့​အား​ကယ်​တင်​မည့်​အ​ခြား​သော​နာ​မ​ကို ကောင်း​ကင်​အောက် လူ​တို့​၌​ပေး​အပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။

13. ထို​သူ​တို့​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​၏​ရဲ​ရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပ​ညာ​မ​တတ်​သော သာ​မန်​လူ​များ​ဖြစ်​ကြောင်း​သ​တိ​ထား​မိ​သ​ဖြင့် အံ့​သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်​မိ​ကြ​၏။

14. ထို့​ပြင် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သော​သူ​သည် သူ​တို့​နှင့်​အ​တူ​ရပ်​နေ​သည်​ကို​မြင်​နေ​ရ​သ​ဖြင့် မည်​သို့​မျှ​ငြင်း​ခုံ​ပြော​ဆို​၍​မ​ရ​နိုင်​ကြ​ချေ။

15. ထို​အ​ခါ သူ​တို့​သည် တ​မန်​တော်​တို့​ကို တ​ရား​လွှတ်​တော်​ရုံး​အ​ပြင်​သို့​ထွက်​ရန်​အ​မိန့်​ပေး​ပြီး​လျှင် အ​ချင်း​ချင်း​ဆွေး​နွေး​လျက်

16. “ဤ​သူ​တို့​ကို မည်​သို့​ပြု​ကြ​မည်​နည်း။ အ​ကြောင်း​မူ​ကား သူ​တို့​အား​ဖြင့် သိ​သာ​ထင်​ရှား​သော​နိ​မိတ်​လက္ခ​ဏာ​ဖြစ်​ပျက်​ခဲ့​သည်​ကို ဂျေ​ရု​ဆ​လင်​မြို့​၌​နေ​ထိုင်​သူ​အား​လုံး​သိ​ရှိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​ငြင်း​ဆို​၍​မ​ရ​နိုင်။

17. သို့​သော် ဤ​အ​ကြောင်း​သည် လူ​တို့​ထံ ပို​၍​ပျံ့​နှံ့​မ​သွား​စေ​ရန် ဤ​နာ​မ​ကို​အ​မှီ​ပြု​လျက် နောက်​တစ်​ဖန် မည်​သူ့​ကို​မျှ​မ​ဟော​ပြော​ရ​မည့်​အ​ကြောင်း သူ​တို့​ကို​ခြိမ်း​ခြောက်​ကြ​စို့”​ဟု ဆို​ကြ​၏။

18. ထို့​နောက် တ​မန်​တော်​တို့​ကို​ခေါ်​၍ ယေ​ရှု​၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဟော​ပြော​ခြင်း​ကို​ဖြစ်​စေ၊ သွန်​သင်​ခြင်း​ကို​ဖြစ်​စေ လုံး​ဝ​မ​ပြု​ရန် အ​မိန့်​ပေး​ကြ​၏။

19. သို့​သော် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က “ဘု​ရား​သ​ခင်​၏​စ​ကား​တော်​ထက် သင်​တို့​၏​စ​ကား​ကို ပို​၍​နား​ထောင်​ခြင်း​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မှန်​မ​မှန် သင်​တို့​ဆုံး​ဖြတ်​ကြ​လော့။

20. အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​ကြား​ရ၊ မြင်​ရ​သော​အ​ရာ​တို့​ကို မ​ဟော​ပြော​ဘဲ​မ​နေ​နိုင်”​ဟု သူ​တို့​အား ပြန်​ပြော​ကြ​၏။

21. လူ​အား​လုံး​တို့​သည် ဖြစ်​ပျက်​ခဲ့​သော​အ​မှု​အ​ရာ​အ​တွက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​နေ​ကြ​သည်​ဖြစ်​၍ ထို​လူ​တို့​ကြောင့် တ​မန်​တော်​တို့​အား အ​ပြစ်​ဒဏ်​ပေး​နိုင်​မည့်​နည်း​လမ်း​ကို ရှာ​မ​တွေ့​သ​ဖြင့် သူ​တို့​သည် တ​မန်​တော်​တို့​ကို ထပ်​မံ​ခြိမ်း​ခြောက်​ပြီး​လျှင် ပြန်​လွှတ်​လိုက်​ကြ​၏

22. ဤ​နိ​မိတ်​လက္ခ​ဏာ​အား​ဖြင့် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​၏။

23. တ​မန်​တော်​တို့​သည် လွတ်​လာ​ကြ​သော​အ​ခါ မိ​မိ​တို့​အ​ပေါင်း​အ​ဖော်​များ​ရှိ​ရာ​သို့ ပြန်​လာ​၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့​က မိ​မိ​တို့​အား​ပြော​သ​မျှ​တို့​ကို ပြန်​ပြော​ပြ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 4