11. ထိုအရှင်သည် တိုက်ဆောက်သူများတည်းဟူသောသင်တို့က ပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်ဖြစ်၏။
12. ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။
13. ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
14. ထို့ပြင် အကောင်းပကတိဖြစ်လာသောသူသည် သူတို့နှင့်အတူရပ်နေသည်ကိုမြင်နေရသဖြင့် မည်သို့မျှငြင်းခုံပြောဆို၍မရနိုင်ကြချေ။
15. ထိုအခါ သူတို့သည် တမန်တော်တို့ကို တရားလွှတ်တော်ရုံးအပြင်သို့ထွက်ရန်အမိန့်ပေးပြီးလျှင် အချင်းချင်းဆွေးနွေးလျက်
16. “ဤသူတို့ကို မည်သို့ပြုကြမည်နည်း။ အကြောင်းမူကား သူတို့အားဖြင့် သိသာထင်ရှားသောနိမိတ်လက္ခဏာဖြစ်ပျက်ခဲ့သည်ကို ဂျေရုဆလင်မြို့၌နေထိုင်သူအားလုံးသိရှိကြသည်ဖြစ်၍ ငါတို့ငြင်းဆို၍မရနိုင်။