1. ပေတရုနှင့်ယောဟန်တို့သည် လူတို့အားဟောပြောလျက်နေကြစဉ် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့်တပ်မှူးနှင့် ဇဒ္ဒုကဲတို့သည် သူတို့ထံသို့ရောက်လာကြ၏။
2. တမန်တော်တို့သည် ယေရှုကိုအကြောင်းပြုလျက် သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို လူတို့အား သွန်သင်ဟောပြောနေကြသောကြောင့် ထိုသူတို့သည် စိတ်အနှောင့်အယှက်ဖြစ်လျက်
3. တမန်တော်တို့ကိုဖမ်းဆီးကာ မိုးချုပ်ပြီဖြစ်သဖြင့် နောက်တစ်နေ့တိုင်အောင် အချုပ်ထောင်ထဲ၌ထည့်ထားကြ၏။