တ​မန်​တော်​ဝတ္ထု 4:1-15 Myanmar Standard Bible (MSB)

1. ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် လူ​တို့​အား​ဟော​ပြော​လျက်​နေ​ကြ​စဉ် ယဇ်​ပု​ရော​ဟိတ်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​နှင့် ဇဒ္ဒု​ကဲ​တို့​သည် သူ​တို့​ထံ​သို့​ရောက်​လာ​ကြ​၏။

2. တ​မန်​တော်​တို့​သည် ယေ​ရှု​ကို​အ​ကြောင်း​ပြု​လျက် သေ​သော​သူ​တို့​ထဲ​မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​ကို လူ​တို့​အား သွန်​သင်​ဟော​ပြော​နေ​ကြ​သော​ကြောင့် ထို​သူ​တို့​သည် စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​လျက်

3. တ​မန်​တော်​တို့​ကို​ဖမ်း​ဆီး​ကာ မိုး​ချုပ်​ပြီ​ဖြစ်​သ​ဖြင့် နောက်​တစ်​နေ့​တိုင်​အောင် အ​ချုပ်​ထောင်​ထဲ​၌​ထည့်​ထား​ကြ​၏။

4. သို့​သော် နှုတ်​က​ပတ်​တ​ရား​ကို ကြား​နာ​သူ​များ​စွာ​တို့​သည် ယုံ​ကြည်​ကြ​ရာ ယောက်ျား​အ​ရေ​အ​တွက် ငါး​ထောင်​ခန့်​မျှ​ဖြစ်​လာ​လေ​၏။

5. နောက်​တစ်​နေ့​၌ သူ​တို့​၏​အ​ကြီး​အ​ကဲ​များ၊ သက်​ကြီး​ဝါ​ကြီး​များ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​စု​ဝေး​ကြ​၏။

6. ယဇ်​ပု​ရော​ဟိတ်​မင်း​အန္နတ်၊ က​ယာ​ဖ၊ ယော​ဟန်၊ အ​လက်​ဇန္ဒြား​မှ​စ​၍ ယဇ်​ပု​ရော​ဟိတ်​မင်း​မျိုး​ရှိ​သ​မျှ​တို့​လည်း​ပါ​ဝင်​ကြ​၏။

7. သူ​တို့​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို အား​လုံး​ရှေ့​၌​ရပ်​စေ​ပြီး​လျှင် “သင်​တို့​သည် မည်​သည့်​အာ​ဏာ၊ မည်​သည့်​နာ​မ​ဖြင့် ဤ​အ​မှု​ကို ပြု​ကြ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

8. ထို​အ​ခါ ပေ​တ​ရု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​လျက် “လူ​တို့​၏​အ​ကြီး​အ​ကဲ​များ​နှင့် သက်​ကြီး​ဝါ​ကြီး​တို့၊

9. ယ​နေ့ အ​ကျွန်ုပ်​တို့​သည် အား​နည်း​သော​သူ​တစ်​ဦး​အ​ပေါ် ကောင်း​ကျိုး​ပြု​ခဲ့​သည့်​အ​ကြောင်း​နှင့်​ပတ်​သက်​၍​လည်း​ကောင်း၊ ဤ​သူ​သည် မည်​ကဲ့​သို့​အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သ​နည်း​ဟူ​သည့်​အ​ကြောင်း​နှင့်​ပတ်​သက်​၍​လည်း​ကောင်း စစ်​ဆေး​ခြင်း​ခံ​ရ​သည်​ဆို​လျှင်

10. သင်​တို့​အား​လုံး​နှင့် အစ္စ​ရေး​လူ​မျိုး​အ​ပေါင်း​တို့​အား သိ​မှတ်​စေ​လို​သည်​မှာ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌ သင်​တို့​တင်​ခဲ့​သော်​လည်း သေ​သော​သူ​တို့​ထဲ​မှ ဘု​ရား​သ​ခင်​ထ​မြောက်​စေ​တော်​မူ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​အား​ဖြင့် ဤ​သူ​သည် သင်​တို့​ရှေ့​တွင် အ​ကောင်း​ပ​က​တိ​ဖြစ်​လျက်​ရပ်​နေ​၏။

11. ထို​အ​ရှင်​သည် တိုက်​ဆောက်​သူ​များ​တည်း​ဟူ​သော​သင်​တို့​က ပယ်​ထား​သော်​လည်း ထိပ်​ဆုံး​ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​သော​ကျောက်​ဖြစ်​၏။

12. ကယ်​တင်​ခြင်း​သည် အ​ခြား​မည်​သူ​၌​မျှ​မ​ရှိ။ အ​ကြောင်း​မူ​ကား ထို​နာ​မ​မှ​တစ်​ပါး ငါ​တို့​အား​ကယ်​တင်​မည့်​အ​ခြား​သော​နာ​မ​ကို ကောင်း​ကင်​အောက် လူ​တို့​၌​ပေး​အပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။

13. ထို​သူ​တို့​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​၏​ရဲ​ရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပ​ညာ​မ​တတ်​သော သာ​မန်​လူ​များ​ဖြစ်​ကြောင်း​သ​တိ​ထား​မိ​သ​ဖြင့် အံ့​သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေ​ရှု​နှင့်​အ​တူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်​မိ​ကြ​၏။

14. ထို့​ပြင် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သော​သူ​သည် သူ​တို့​နှင့်​အ​တူ​ရပ်​နေ​သည်​ကို​မြင်​နေ​ရ​သ​ဖြင့် မည်​သို့​မျှ​ငြင်း​ခုံ​ပြော​ဆို​၍​မ​ရ​နိုင်​ကြ​ချေ။

15. ထို​အ​ခါ သူ​တို့​သည် တ​မန်​တော်​တို့​ကို တ​ရား​လွှတ်​တော်​ရုံး​အ​ပြင်​သို့​ထွက်​ရန်​အ​မိန့်​ပေး​ပြီး​လျှင် အ​ချင်း​ချင်း​ဆွေး​နွေး​လျက်

တ​မန်​တော်​ဝတ္ထု 4