တ​မန်​တော်​ဝတ္ထု 3:9-22 Myanmar Standard Bible (MSB)

9. ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် လမ်း​လျှောက်​လျက် ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​နေ​သော ထို​သူ​ကို​မြင်​၍

10. သူ​သည် ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​ကို​ခံ​ရန် ဗိ​မာန်​တော်​၏​တင့်​တယ်​တံ​ခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်​မိ​ကြ​သ​ဖြင့် ထို​သူ​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​အ​တွက် အ​လွန်​အံ့​သြ​၍​မိန်း​မော​တွေ​ဝေ​ကြ​၏။

11. ထို​သူ​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို ဖက်​ထား​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည် အ​လွန်​အံ့​ဩ​၍ ရှော​လ​မုန်​မုခ်​ဆောင်​ဟု​ခေါ်​သည့်​နေ​ရာ​၌​ရှိ​သော သူ​တို့​ထံ​သို့ ပြေး​လာ​ကြ​၏။

12. ပေ​တ​ရု​သည် ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင် “အစ္စ​ရေး​အ​မျိုး​သား​တို့၊ အ​ဘယ်​ကြောင့် ဤ​အ​မှု​အ​ရာ​ကို အံ့​သြ​ကြ​သ​နည်း။ ထို့​ပြင် ငါ​တို့​သည် မိ​မိ​တို့​တန်​ခိုး၊ မိ​မိ​တို့​အ​ကျင့်​သီ​လ​အား​ဖြင့် ဤ​သူ​လမ်း​လျှောက်​နိုင်​ရန် လုပ်​ပေး​ဘိ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ငါ​တို့​ကို စေ့​စေ့​ကြည့်​နေ​ကြ​သ​နည်း။

13. အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား၊ ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သည် မိ​မိ​အ​မှု​ဆောင်​ယေ​ရှု​၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။ သင်​တို့​သည် ထို​အ​ရှင်​ကို ဖမ်း​ဆီး​အပ်​နှံ​၍ သူ့​ကို​လွှတ်​ပေး​မည်​ဟု​ဆုံး​ဖြတ်​ထား​သော​ပိ​လတ်​မင်း​ရှေ့​၌ ငြင်း​ပယ်​ကြ​၏။

14. သင်​တို့​သည် သန့်​ရှင်း​၍​ဖြောင့်​မတ်​သော​အ​ရှင်​ကို​ငြင်း​ပယ်​ပြီး သင်​တို့​အ​တွက် လူ​သတ်​သ​မား​ကို​လွှတ်​ပေး​ရန် တောင်း​ဆို​ကြ​ကာ

15. အ​သက်​ပေး​ပိုင်​သော​အ​ရှင်​ကို​မူ သင်​တို့​ကွပ်​မျက်​ကြ​၏။ သို့​သော် ဘု​ရား​သ​ခင်​သည် ထို​အ​ရှင်​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​၏။ ငါ​တို့​သည် ဤ​အ​မှု​အ​ရာ​၏​သက်​သေ​များ​ဖြစ်​ကြ​၏။

16. ထို​အ​ရှင်​၏​နာ​မ​တော်​သည် ယ​ခု​သင်​တို့​မြင်​၍ သင်​တို့​သိ​သော​ဤ​သူ​အား ထို​နာ​မ​တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် သန်​စွမ်း​စေ​ပြီး ထို​အ​ရှင်​အား​ဖြင့် ရ​ရှိ​သော​ယုံ​ကြည်​ခြင်း​သည် သင်​တို့​အား​လုံး​ရှေ့​၌ သူ့​ကို ပ​က​တိ​စုံ​လင်​ခြင်း​ပေး​လေ​၏။

17. သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သင်​တို့​၏​အ​ကြီး​အ​ကဲ​များ​နည်း​တူ မ​သိ​နား​မ​လည်​သော​ကြောင့် ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို ငါ​သိ​၏။

18. သို့​သော် ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ခ​ရစ်​တော်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​စား​ရ​မည်​ဟု ပ​ရော​ဖက်​အ​ပေါင်း​တို့​၏​နှုတ်​အား​ဖြင့် ကြို​တင်​ဖော်​ပြ​ထား​သော​အ​ရာ​တို့​ကို ထို​သို့​ပြည့်​စုံ​စေ​တော်​မူ​၏။

19. ထို့​ကြောင့် သင်​တို့​၏​အ​ပြစ်​များ ပယ်​ဖျက်​ခြင်း​ခံ​ရ​စေ​ရန် နောင်​တ​ရ​လျက် ပြောင်း​လဲ​ကြ​လော့။

20. ဤ​သည်​ကား ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ နှစ်​သိမ့်​လန်း​ဆန်း​ရာ​အ​ချိန်​အ​ခါ​များ​ကျ​ရောက်​လာ​၍ သင်​တို့​အ​တွက် ကြို​တင်​ခန့်​ထား​တော်​မူ​သည့် ခ​ရစ်​တော်​တည်း​ဟူ​သော​ယေ​ရှု​ကို စေ​လွှတ်​တော်​မူ​ရန်​ဖြစ်​၏။

21. ရှေး​ကာ​လ​မှ​စ​၍ မိ​မိ​၏​သန့်​ရှင်း​သော​ပ​ရော​ဖက်​တို့​၏​နှုတ်​အား​ဖြင့် ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ခဲ့​သည့်​အ​ရာ​တည်း​ဟူ​သော အ​လုံး​စုံ​တို့​ကို မူ​လ​အ​တိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာ​လ​များ​တိုင်​အောင် ကောင်း​ကင်​သည် ထို​အ​ရှင်​ကို​လက်​ခံ​ထား​ရ​မည်။

22. မော​ရှေ​က​လည်း ‘သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ညီ​အစ်​ကို​များ​ထဲ​မှ ငါ​နှင့်​တူ​သော​ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​အား ထို​သူ​ပြော​သ​မျှ​တို့​ကို သင်​တို့​နား​ထောင်​ရ​ကြ​မည်။

တ​မန်​တော်​ဝတ္ထု 3