24. ရှမွေလမှစ၍ သူ့နောက်မှ အဆက်ဆက်ပေါ်ထွန်းသောပရောဖက်ရှိသမျှတို့သည်လည်း ဤနေ့ရက်ကာလအကြောင်းကို ဟောပြောလျက်ကြေညာကြ၏။
25. သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။
26. ဘုရားသခင်သည် သင်တို့တစ်ဦးစီ၏ဆိုးညစ်သောအကျင့်ကိုဖယ်ရှား၍ သင်တို့ကိုကောင်းချီးပေးတော်မူရန် မိမိ၏အမှုဆောင်ကို ပေါ်ထွန်းစေလျက် သူ့ကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏”ဟု လူတို့အားဆိုလေ၏။