1. တစ်ခါက ပေတရုနှင့်ယောဟန်တို့သည် ဆုတောင်းပတ္ထနာပြုချိန်ဖြစ်သည့် မွန်းလွဲသုံးနာရီတွင် ဗိမာန်တော်သို့တက်သွားကြ၏။
2. ထိုစဉ် လူတို့သည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၏။ သူသည် ဗိမာန်တော်ထဲသို့ဝင်သောသူတို့ထံမှ ပေးကမ်းစွန့်ကြဲခြင်းကိုတောင်းခံရန်အတွက် လူတို့သည် သူ့ကို တင့်တယ်ဟုခေါ်သော ဗိမာန်တော်တံခါးအနီးတွင် နေ့တိုင်းချထားလေ့ရှိကြ၏။
3. ထိုသူသည် ပေတရုနှင့်ယောဟန်တို့ ဗိမာန်တော်ထဲသို့ဝင်မည်ပြုသည်ကိုမြင်သောအခါ ပေးကမ်းစွန့်ကြဲရန်တောင်းခံလေ၏။
4. ပေတရုသည် ယောဟန်နှင့်အတူ သူ့ကိုစေ့စေ့ကြည့်လျက် “ငါတို့ကိုကြည့်ပါ”ဟု ဆို၏။
5. ထိုသူသည်လည်း သူတို့ထံမှ တစ်စုံတစ်ခုရမည်ဟုမျှော်လင့်၍ သူတို့ကို အာရုံစိုက်လျက်နေ၏။
6. ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက်