တ​မန်​တော်​ဝတ္ထု 3:1-10 Myanmar Standard Bible (MSB)

1. တစ်​ခါ​က ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​ချိန်​ဖြစ်​သည့် မွန်း​လွဲ​သုံး​နာ​ရီ​တွင် ဗိ​မာန်​တော်​သို့​တက်​သွား​ကြ​၏။

2. ထို​စဉ် လူ​တို့​သည် အ​မိ​ဝမ်း​တွင်း​က​ပင် ခြေ​မ​သန်​စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​သော​သူ​တို့​ထံ​မှ ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​ကို​တောင်း​ခံ​ရန်​အ​တွက် လူ​တို့​သည် သူ့​ကို တင့်​တယ်​ဟု​ခေါ်​သော ဗိ​မာန်​တော်​တံ​ခါး​အ​နီး​တွင် နေ့​တိုင်း​ချ​ထား​လေ့​ရှိ​ကြ​၏။

3. ထို​သူ​သည် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​မည်​ပြု​သည်​ကို​မြင်​သော​အ​ခါ ပေး​ကမ်း​စွန့်​ကြဲ​ရန်​တောင်း​ခံ​လေ​၏။

4. ပေ​တ​ရု​သည် ယော​ဟန်​နှင့်​အ​တူ သူ့​ကို​စေ့​စေ့​ကြည့်​လျက် “ငါ​တို့​ကို​ကြည့်​ပါ”​ဟု ဆို​၏။

5. ထို​သူ​သည်​လည်း သူ​တို့​ထံ​မှ တစ်​စုံ​တစ်​ခု​ရ​မည်​ဟု​မျှော်​လင့်​၍ သူ​တို့​ကို အာ​ရုံ​စိုက်​လျက်​နေ​၏။

6. ထို​အ​ခါ ပေ​တ​ရု​က “ငါ​၌ ရွှေ၊ ငွေ​မ​ရှိ။ သို့​သော် ရှိ​သည့်​အ​ရာ​ကို သင့်​အား ငါ​ပေး​မည်။ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ခ​ရစ်​တော်​၏​နာ​မ​တော်​၌ ထ​၍ လမ်း​လျှောက်​လော့”​ဟု ဆို​လျက်

7. ထို​သူ​၏​လက်​ယာ​လက်​ကို​ဆုပ်​ကိုင်​၍ ထူ​မ​လိုက်​ရာ သူ​၏​ခြေ​နှင့်​ခြေ​ကျင်း​ဝတ်​တို့​သည် ချက်​ချင်း​သန်​မာ​လာ​သ​ဖြင့်

8. သူ​သည် ထ​ခုန်​လျက်​မတ်​တတ်​ရပ်​ကာ လမ်း​လျှောက်​လေ​၏။ ထို့​နောက် လမ်း​လျှောက်​လျက်၊ ခုန်​ပေါက်​လျက်၊ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် တ​မန်​တော်​တို့​နှင့်​အ​တူ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​လေ​၏။

9. ထို​အ​ခါ လူ​အ​ပေါင်း​တို့​သည် လမ်း​လျှောက်​လျက် ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​နေ​သော ထို​သူ​ကို​မြင်​၍

10. သူ​သည် ပေး​ကမ်း​စွန့်​ကြဲ​ခြင်း​ကို​ခံ​ရန် ဗိ​မာန်​တော်​၏​တင့်​တယ်​တံ​ခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်​မိ​ကြ​သ​ဖြင့် ထို​သူ​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​အ​တွက် အ​လွန်​အံ့​သြ​၍​မိန်း​မော​တွေ​ဝေ​ကြ​၏။

တ​မန်​တော်​ဝတ္ထု 3