တ​မန်​တော်​ဝတ္ထု 28:14-30 Myanmar Standard Bible (MSB)

14. ထို​မြို့​တွင် ညီ​အစ်​ကို​တို့​ကို​တွေ့​ရှိ​လျှင် သူ​တို့​သည် ငါ​တို့​ကို ခု​နစ်​ရက်​ခန့်​နေ​ထိုင်​ရန် ဖိတ်​ခေါ်​ကြ​၏။ ဤ​သို့​ဖြင့် ငါ​တို့​သည် ရော​မ​မြို့​သို့​ရောက်​လာ​ကြ​၏။

15. ငါ​တို့​အ​ကြောင်း​ကို​ကြား​သော ညီ​အစ်​ကို​တို့​သည် ငါ​တို့​နှင့်​တွေ့​ဆုံ​ရန် ရော​မ​မြို့​မှ အပ္ပိ​အ​ရပ်​နှင့် ဧည့်​ရိပ်​သာ​သုံး​ဆောင်​ဟု​ခေါ်​သော​အ​ရပ်​တိုင်​အောင် လာ​ကြ​၏။ ပေါ​လု​သည် ထို​သူ​တို့​ကို​မြင်​လျှင် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​လျက် အား​တက်​လာ​လေ​၏။

16. ရော​မ​မြို့​သို့​ဝင်​ကြ​သော​အ​ခါ ပေါ​လု​သည် သူ့​ကို​စောင့်​ကြပ်​သည့် စစ်​သား​နှင့်​အ​တူ သီး​သန့်​နေ​ခွင့်​ကို​ရ​လေ​၏။

17. သုံး​ရက်​လွန်​သော​အ​ခါ ပေါ​လု​သည် ဂျူး​လူ​မျိုး​တို့​၏​ခေါင်း​ဆောင်​များ​ကို​ဖိတ်​ခေါ်​၍ စု​ဝေး​စေ​၏။ သူ​တို့​စု​ဝေး​လာ​ကြ​သော​အ​ခါ ပေါ​လု​က “ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် မိ​မိ​လူ​မျိုး​ကို​လည်း​ကောင်း၊ ဘိုး​ဘေး​တို့​၏​ဓ​လေ့​ထုံး​စံ​များ​ကို​လည်း​ကောင်း ဆန့်​ကျင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​ခဲ့​သော်​လည်း ဂျေ​ရု​ဆ​လင်​မြို့​တွင် အ​ကျဉ်း​သား​အ​ဖြစ် ရော​မ​လူ​မျိုး​တို့​လက်​သို့ အပ်​နှံ​ခြင်း​ခံ​ခဲ့​ရ​သည်။

18. ရော​မ​လူ​မျိုး​တို့​သည် အ​ကျွန်ုပ်​ကို​စစ်​ဆေး​ကြ​ရာ အ​ကျွန်ုပ်​၌ သေ​ထိုက်​သော​ပြစ်​မှု​မ​တွေ့​သော​ကြောင့် အ​ကျွန်ုပ်​ကို​ပြန်​လွှတ်​လို​ကြ​သည်။

19. သို့​ရာ​တွင် ဂျူး​လူ​မျိုး​တို့​က ကန့်​ကွက်​ကြ​သ​ဖြင့် အ​ကျွန်ုပ်​သည် မ​လွဲ​သာ​၍ ဆီ​ဇာ​ဧ​က​ရာဇ်​ထံ အ​ယူ​ခံ​ဝင်​ရ​သည်။ အ​ကျွန်ုပ်​၏​လူ​မျိုး​ကို​စွပ်​စွဲ​ရန် အ​ကြောင်း​တစ်​စုံ​တစ်​ရာ​ရှိ​၍​မ​ဟုတ်​ပါ။

20. ဤ​အ​ကြောင်း​ကြောင့် အ​ကျွန်ုပ်​သည် သင်​တို့​နှင့်​တွေ့​ဆုံ​၍ စ​ကား​ပြော​ရန် သင်​တို့​ကို​ဖိတ်​ခေါ်​ခြင်း​ဖြစ်​သည်။ အ​မှန်​စင်​စစ် အ​ကျွန်ုပ်​သည် အစ္စ​ရေး​လူ​မျိုး​၏​မျှော်​လင့်​ခြင်း​အ​ကြောင်း​ကြောင့် ဤ​သံ​ကြိုး​ဖြင့် ချည်​နှောင်​ထား​ခြင်း​ခံ​ရ​သည်”​ဟု ဆို​လေ​၏။

21. ထို​အ​ခါ သူ​တို့​က “ငါ​တို့​သည် ယု​ဒ​ပြည်​မှ သင့်​အ​ကြောင်း​ရေး​ပို့​သော​စာ​များ​ကို မ​ရ​ရှိ​ခဲ့​ကြ​ပါ။ ထို​ပြည်​မှ​ရောက်​လာ​သော ညီ​အစ်​ကို​တို့​တွင်​လည်း သင်​နှင့်​ပတ်​သက်​သည့် မ​ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို သ​တင်း​ပို့​သော​သူ သို့​မ​ဟုတ် ပြော​ဆို​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ။

22. သို့​သော် ဤ​ဂိုဏ်း​နှင့်​ပတ်​သက်​၍ အ​ရပ်​ရပ်​တို့​၌ ဆန့်​ကျင်​ပြော​ဆို​နေ​ကြောင်း ငါ​တို့​သိ​ထား​သည်​ဖြစ်​၍ သင်​မည်​သို့​စိတ်​သ​ဘော​ရှိ​သည်​ကို သင့်​ထံ​မှ ငါ​တို့​ကြား​လို​သည်”​ဟု ဆို​ကြ​၏။

23. ထို့​နောက် သူ​တို့​သည် ပေါ​လု​နှင့် ရက်​ကို​ချိန်း​ချက်​ပြီး​မှ ပို​၍​များ​စွာ​သော​သူ​တို့​နှင့်​တ​ကွ သူ​တည်း​ခို​ရာ​အ​ရပ်​သို့ ရောက်​လာ​ကြ​၏။ ပေါ​လု​သည် နံ​နက်​စော​စော​အ​ချိန်​မှ​စ​၍ ည​နေ​အ​ချိန်​တိုင်​အောင် ထို​သူ​တို့​အား ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ရှင်း​ပြ​လျက် သက်​သေ​ခံ​ကာ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကျမ်း​နှင့် ပ​ရော​ဖက်​ကျမ်း​များ​ကို​ကိုး​ကား​၍ ယေ​ရှု​အ​ကြောင်း​ကို သူ​တို့​အား​ပြော​ပြ​စည်း​ရုံး​လေ​၏။

24. အ​ချို့​တို့​သည် သူ​ဟော​ပြော​သော​အ​ရာ​များ​ကို လက်​ခံ​ကြ​သော်​လည်း အ​ချို့​တို့​သည် မ​ယုံ​ကြည်​ကြ​ချေ။

25. ထို​အ​ခါ အ​ချင်း​ချင်း​ကြား​၌ သ​ဘော​ထား​ကွဲ​လွဲ​သ​ဖြင့် ပြန်​သွား​ကြ​စဉ်​တွင် ပေါ​လု​က “သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား လျောက်​ပတ်​စွာ​ဟော​ပြော​ခဲ့​သည်​ကား

26. ‘သင်​တို့​သည် ကြား​သော​အ​ခါ လုံး​ဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​သော​အ​ခါ​လည်း လုံး​ဝ​သ​တိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ဤ​လူ​မျိုး​ထံ​သို့​သွား​၍ ပြော​ကြား​လော့။

27. အ​ကြောင်း​မူ​ကား ဤ​လူ​တို့​၏​စိတ်​နှ​လုံး​သည် ထုံ​ထိုင်း​လျက် နား​သည်​လည်း​လေး​လျက် မျက်​စိ​သည်​လည်း​ပိတ်​လျက်​ရှိ​ကြ​၏။ သို့​မ​ဟုတ်​လျှင် သူ​တို့​သည် မျက်​စိ​ဖြင့်​မြင်​၍ နား​ဖြင့်​ကြား​လျက် စိတ်​နှ​လုံး​ဖြင့်​နား​လည်​ကာ ပြောင်း​လဲ​ကြ​သ​ဖြင့် ငါ​သည် သူ​တို့​ကို​ကျန်း​မာ​စေ​ရ​မည်’​ဟု မိန့်​တော်​မူ​၏။

28. ထို့​ကြောင့် ဘု​ရား​သ​ခင်​၏ ဤ​ကယ်​တင်​ခြင်း​တ​ရား​သည် လူ​မျိုး​ခြား​တို့​ထံ စေ​လွှတ်​ခြင်း​ခံ​ရ​၍ သူ​တို့​သည် နား​ထောင်​ကြ​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့”​ဟူ​သော​စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။

29. [ဤ​စ​ကား​ကို ပေါ​လု​ပြော​လိုက်​သော​အ​ခါ ဂျူး​လူ​မျိုး​တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ပြန်​သွား​ကြ​၏။]

30. ထို့​နောက် ပေါ​လု​သည် နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား​ရမ်း​ထား​သည့်​အိမ်​၌​နေ​၍ မိ​မိ​ထံ​သို့​လာ​သော​သူ​အ​ပေါင်း​တို့​ကို ကြို​ဆို​လျက်

တ​မန်​တော်​ဝတ္ထု 28