တ​မန်​တော်​ဝတ္ထု 28:1-6 Myanmar Standard Bible (MSB)

1. ငါ​တို့​သည် ဘေး​ကင်း​စွာ​ရောက်​ရှိ​ကြ​သော​အ​ခါ ထို​ကျွန်း​ကို မေ​လိ​တေ​ကျွန်း​ဟု​ခေါ်​ကြောင်း သိ​ရ​ကြ​၏။

2. ကျွန်း​သား​တို့​သည် ငါ​တို့​အား ထူး​ခြား​သော​ချစ်​ခင်​ကြင်​နာ​မှု​ကို​ပြ​သ​ကြ​၏။ မိုး​ရွာ​၍​ချမ်း​အေး​သော​ကြောင့် သူ​တို့​သည် မီး​ဖို​လျက် ငါ​တို့​အား​လုံး​ကို လက်​ခံ​ကြို​ဆို​ကြ​၏။

3. ပေါ​လု​သည် ထင်း​များ​ကို​စု​စည်း​လျက် မီး​ထဲ​သို့​ထည့်​လိုက်​ရာ မြွေ​ဆိုး​တစ်​ကောင်​သည် မီး​အ​ပူ​ရှိန်​ကြောင့် ထွက်​လာ​၍ ပေါ​လု​လက်​၌ တွယ်​ကပ်​လေ​၏။

4. ကျွန်း​သား​တို့​သည် သူ​၏​လက်​မှ​တွဲ​လဲ​ကျ​နေ​သော သတ္တ​ဝါ​ကို​မြင်​သော​အ​ခါ “ဤ​သူ​သည် အ​မှန်​ပင် လူ​သတ်​သ​မား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်​လယ်​ဘေး​မှ​လွတ်​ခဲ့​သော်​လည်း မျှ​တ​မှု​နတ်​ဘု​ရား​မ​က သူ့​ကို အ​သက်​ရှင်​ခွင့်​မ​ပေး”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

5. သို့​သော် ပေါ​လု​သည် ထို​သတ္တ​ဝါ​ကို မီး​ထဲ​သို့​ခါ​ချ​လျက် မည်​သည့်​ဘေး​ဥ​ပဒ်​မျှ မ​ခံ​စား​ရ​ချေ။

6. ကျွန်း​သား​တို့​က သူ​သည် ယောင်​လာ​တော့​မည် သို့​မ​ဟုတ် ရုတ်​တ​ရက်​လဲ​ကျ​၍ သေ​ဆုံး​လိမ့်​မည်​ဟု​ဆို​လျက် စောင့်​ကြည့်​နေ​ကြ​၏။ သို့​သော် ကြာ​မြင့်​စွာ​စောင့်​ကြည့်​နေ​သော်​လည်း မ​ကောင်း​သည့်​လက္ခ​ဏာ​တစ်​စုံ​တစ်​ခု​မျှ သူ​၌​မ​ဖြစ်​သည်​ကို မြင်​ကြ​သော​အ​ခါ သူ​တို့​သည် စိတ်​ပြောင်း​သွား​၍ ဤ​သူ​ကား ဘု​ရား​ဖြစ်​သည်​ဟု​ဆို​ကြ​၏။

တ​မန်​တော်​ဝတ္ထု 28