37. သင်္ဘောပေါ်တွင် လူပေါင်းနှစ်ရာခုနစ်ဆယ့်ခြောက်ယောက်ရှိ၏။
38. အစာကိုဝလင်စွာစားကြပြီးနောက် သင်္ဘောပေါ့သွားစေရန် ဂျုံဆန်ကို ပင်လယ်ထဲသို့ပစ်ချကြ၏။
39. မိုးလင်းသောအခါ မည်သည့်အရပ်ဒေသဖြစ်သည်ကို မသိသော်လည်း ကမ်းခြေရှိသော ပင်လယ်ကွေ့တစ်ခုကိုမြင်ရ၍ ဖြစ်နိုင်လျှင် ထိုကမ်းခြေပေါ်သို့ သင်္ဘောကိုထိုးတင်ရန် တိုင်ပင်ကြံစည်ကြ၏။
40. ထို့နောက် ကျောက်ဆူးများကို ပင်လယ်ထဲသို့ဖြုတ်ချခဲ့၍ တစ်ချိန်တည်း၌ပင် တက်မကြိုးများကိုဖြေလျက် ရွက်ကိုတင်ပြီး ကမ်းခြေဘက်သို့လွှင့်သွားကြ၏။
41. သို့သော် သင်္ဘောသည် ဒီရေနှစ်ကြောင်းစုဆုံရာသို့ရောက်သွား၍ သောင်တင်သဖြင့် သင်္ဘောဦးသည် သောင်၌စိုက်ပြီး လှုပ်ရှား၍မရတော့ချေ။ ပဲ့ပိုင်းမှာမူ လှိုင်းလုံးများရိုက်ခတ်သဖြင့် ကျိုးပျက်လေ၏။
42. စစ်သားတို့သည် အကျဉ်းသားတစ်စုံတစ်ဦးမျှ ရေကူး၍မထွက်ပြေးစေရန် သူတို့ကိုသတ်မည်ဟုကြံစည်ကြ၏။
43. သို့သော် တပ်မှူးသည် ပေါလုကိုကယ်လိုသဖြင့် သူတို့၏အကြံအစည်ကိုတားမြစ်ကာ ရေကူးတတ်သူများသည် ဦးစွာခုန်ချ၍ ကမ်းပေါ်သို့ကူးသွားကြရန်နှင့်
44. ကျန်သောသူတို့သည် ပျဉ်ပြားကိုဖြစ်စေ၊ သင်္ဘောထဲမှအရာတစ်စုံတစ်ခုကိုဖြစ်စေ တွယ်စီး၍ ကူးသွားကြရန် အမိန့်ပေးလေ၏။ ဤသို့ဖြင့် အားလုံးသည် ဘေးကင်းစွာဖြင့် ကုန်းပေါ်သို့ရောက်ကြ၏။