တ​မန်​တော်​ဝတ္ထု 27:23-26 Myanmar Standard Bible (MSB)

23. အ​ဘယ်​ကြောင့်​ဆို​သော် အ​ကျွန်ုပ်​ကို​ပိုင်​သ​တော်​မူ​သည့် အ​ကျွန်ုပ်​ဝတ်​ပြု​သော​ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည် လွန်​ခဲ့​သော​ည​က အ​ကျွန်ုပ်​အ​နီး​၌​ရပ်​လျက်

24. ‘ပေါ​လု၊ မ​စိုး​ရိမ်​နှင့်။ သင်​သည် ဆီ​ဇာ​ဧ​က​ရာဇ်​ရှေ့​သို့​ရောက်​ရ​မည်။ ဘု​ရား​သ​ခင်​သည် သင်​နှင့်​အ​တူ​ရွက်​လွှင့်​နေ​သူ​အ​ပေါင်း​တို့​ကို​လည်း သင့်​အား ပေး​အပ်​တော်​မူ​ပြီ’​ဟု မြွက်​ဆို​ခဲ့​ပါ​သည်။

25. သို့​ဖြစ်​၍ မိတ်​ဆွေ​တို့၊ အား​မ​ငယ်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား အ​ကျွန်ုပ်​အား​မိန့်​တော်​မူ​သည့်​အ​တိုင်း​ပင် ဖြစ်​လိမ့်​မည်​ဟု ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​၍ အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​သည်။

26. အ​ကျွန်ုပ်​တို့​သည် ကျွန်း​တစ်​ခု​တွင် သောင်​တင်​ရ​လိမ့်​မည်”​ဟု ဆို​လေ​၏။

တ​မန်​တော်​ဝတ္ထု 27